Monday, February 9, 2026
spot_img
spot_img

လာမယ့် ရာသီ Top 4 ဝင်မယ့် ပရီးမီးယားလိဂ် ကလပ် ၄သင်းရဲ့ အမည်ကို ထုတ်ဖော် ပြောဆိုသွားတဲ့ ရော်ဘီ ဆားဗေ့ခ်ျ

၂၀၂၃ – ၂၀၂၄ ပရီးမီးယားလိဂ် ရာသီသစ် စတင်ဖို့ တပတ်သာ ကျန်တော့ပြီး ၊ အသင်းတိုင်းဟာ ရာသီကြို ပြင်ဆင်မှု ပြီးဆုံးသလောက် ရှိနေကာ ၊ ရာသီသစ် အဖွင့်ပွဲ အတွက် အဆင်သင့် ဖြစ်စေဖို့ ထရိန်နင်မှာ ဆက်လက် ပြင်ဆင်ကြတော့မှာ ဖြစ်ပါတယ် ။

ထုံးစံအတိုင်း ချန်ပီယံ ဖြစ်မယ့် အသင်း ၊ Top 4 ဝင်မယ့် အသင်းတွေက ဘယ်အသင်းတွေ ဖြစ်မလဲ ဆိုတာ မျိုးစုံ ခန့်မှန်းနေကြပြီး ၊ အများစုကတော့ ပြီးခဲ့တဲ့ ရာသီ လီဗာပူး ၊ တော့တင်ဟမ် ၊ ချဲလ်ဆီးတို့ကို ကျော်ဖြတ်ကာ ချန်ပီယံလိဂ် ဝင်ခွင့် ရခဲ့တဲ့ နယူးကာဆယ်ကို ရာသီသစ် Top 4 ဝင်မယ့် အသင်းစာရင်းကနေ ချန်လှပ်ထားကြပါတယ် ။

မက်အယ်လစ္စတာ ၊ ဒိုမီနစ် ဇိုဘော့ဆလိုင်းတို့ကို ခေါ်ယူထားသလို ၊ ရိုမီယို လာဗီယာကို ထပ်ခေါ်နိုင်ဖို့ ကြိုးစားနေတဲ့ လီဗာပူးဟာ မနှစ်က Top 4 လွဲခဲ့တဲ့ အသင်းကြီးတွေ အနက် ရာသီသစ်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရဖို့ ထိပ်ဆုံး tip ပေးခံထားရပါတယ် ။

ခေါင်းအစ ခြေအဆုံး မြေလှန်ကာ ပြုပြင်ပြောင်းလဲမှု ပြန်လုပ်နေတဲ့ မော်ရစ်စီယို ပိုချက်တီနိုရဲ့ အသွင်သစ် ချဲလ်ဆီးဟာလည်း မနှစ်ကလို အဆင့် ၁၂ အထိ ထိုးဆင်းခဲ့ရတဲ့ ပုံစံမျိုး ဖြစ်လာမှာ မဟုတ်ပဲ ၊ အနိမ့်ဆုံး Top 6 ထဲ ပြန်ဝင်နိုင်တယ်လို့ အများက ယုံကြည်ထားကြပါတယ် ။

ဟယ်ရီကိန်းကို မရမက ထိန်းဖို့ ကြိုးစားနေတဲ့ တော့တင်ဟမ်ကတော့ အထက်က ၂သင်းလောက် Top 4 အခွင့်အရေး မရှိနိုင်ဘူးလို့ ခန့်မှန်းနေကြပါတယ် ။ လက်စတာ ကွင်းလယ်လူဟောင်း ရော်ဘီ ဆားဗေ့ခ်ျကတော့ မနှစ်က Top 4 နဲ့ လွဲခဲ့တဲ့ လီဗာပူးဟာ လာမယ့် ရာသီသစ်မှာလည်း ထပ်လွဲနိုင်ကြောင်း အခုလိုပဲ ခန့်မှန်းသွားပါတယ် ။

Star Sports နဲ့ တွေ့ဆုံခဲ့ရာမှာ ဆားဗေ့ခ်ျ က ” ချဲလ်ဆီး Top 4 ဝင်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရထားတဲ့ နယူးကာဆယ်နဲ့ အာဆင်နယ်ကို ကြည့်ပါ ။ ဟုတ်ပါတယ် ။ အာဆင်နယ်ဟာ ကြီးမားတဲ့ ကစားသမားသစ် ခေါ်ယူမှု ၃ခု လုပ်ထားပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးဟာ ထိပ်ဆုံး ၄နေရာဆီ ပြန်ရောက်လာပါလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။ ”

” ကစားသမားတွေ တိုးတက်အောင် မော်ရစ်စီယို ပိုချက်တီနို လုပ်ပေးနိုင်သလို ၊ သူတို့ဟာ ချန်ပီယံလိဂ် ကစားဖို့ မရှိတာကြောင့် ဒါက ပရီးမီးယားလိဂ်ကို ပိုအာရုံစိုက်ဖို့ ကြီးမားတဲ့ အကြောင်းအရင်း တချက် ဖြစ်စေပါတယ် ။ ”

” ကျွန်တော့ အတွက်တော့ Top 4 လွဲနိုင်တာ အာဆင်နယ်နဲ့ လီဗာပူးတို့ထဲက တသင်းသင်း ဖြစ်ပါလိမ့်မယ် ။ အထူးသဖြင့် လီဗာပူးသာ high line defence ကို ဆက်ပြီး ကျင့်သုံးနေမယ်ဆိုရင် သူတို့ဟာ ကျွန်တော့ အတွက် Top 4 လွဲနိုင်တဲ့ အသင်းကြီး တသင်း ဖြစ်သွားပါလိမ့်မယ် ။ ”

” လက်ရှိ အနေအထားကို ခင်ဗျား ကြည့်လိုက်ရင်တော့ ကျွန်တော်သာဆို Top 4 ဝင်မယ့် အသင်းတွေက မန်စီးတီး ၊ အာဆင်နယ် ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ ချဲလ်ဆီးလို့ ပြောရပါမယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments