Wednesday, February 11, 2026
spot_img
spot_img

လာမည့် ၂၀၂၃ နွေရာသီတွင် PSG တိုက်စစ်မှူး နေမာအား ခေါ်ယူရန် ချယ်လ်ဆီးအသင်း စောင့်ကြည့်နေ

ချယ်လ်ဆီးအသင်းသည် လာမည့် ၂၀၂၃ နွေရာသီအပြောင်းအရွှေ့ကာလတွင် PSG အသင်းမှ ဘရာဇီးလ်တိုက်စစ်မှူး နေမာအား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။

အမေရိကန်စီးပွားရေးသမား တော့ဒ်ဘိုလီနှင့်အဖွဲ့သည် ပြီးခဲ့သည့်မေလတွင် ချယ်လ်ဆီးအသင်းကို ဝယ်ယူပြီးနောက် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် စတာလင်၊ ကူလီဘလီ၊ ကူကူရယ်လာ၊ ဖိုဖာနာ၊ အူဘာမီယန်းတို့အပါအဝင် ကစားသမား ၁၂ ဦးကို ပေါင်သန်း ၂၅၀ ကျော်အသုံးပြု ကာ ခေါ်ယူခဲ့သည်။

သို့သော် ချယ်လ်ဆီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ရုန်းကန်နေရပြီး ၁၄ ပွဲကစားပြီးချိန်တွင် ရမှတ် ၂၁ မှတ်သာ ရရှိထားကာ အဆင့် ၈ နေရာ၌ ရပ်တည်နေသည်။ ချယ်လ်ဆီးအသင်းအနေဖြင့် အမှတ်ဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်း (၃၇ မှတ်)နှင့် ၁၆ မှတ်အထိ ကွာဟနေသည်။

ထို့ကြောင့် ချယ်လ်ဆီးအသင်းပူးတွဲ ပိုင်ရှင်နှင့် အသင်းဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသည့် တော့ဒ်ဘိုလီသည် အသင်းကို အင်အားဖြည့်တင်းမှုများပြုလုပ်ရန် စီစဉ်နေပြီး လာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွက်သာမက လာမည့် ၂၀၂၃ နွေရာသီအ ပြောင်းအရွှေ့ကာလအတွက်ပါ ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် အသင်းတိုက်စစ်မှူး ဘရိုဟာ ဒဏ်ရာရသွားခြင်းကြောင့် လာမည့်ဇန်နဝါရီတွင် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ ချယ်လ်ဆီးအသင်းသည် မန်ယူအသင်းနှင့်လမ်းခွဲခဲ့သည့် ပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒို (၃၇ နှစ်)ကို ယခုရာသီကုန်တွင် ခေါ်ယူဖွယ်ရှိသည်ဟု သတင်းထွက်နေသလို PSG တိုက်စစ်မှူး နေမာကို ခေါ်ယူရန် စီစဉ်နေကြောင်းလည်း သိရှိရသည်။

ကစားသမားအပြောင်းအရွှေ့စျေးကွက် ကျွမ်းကျင်သူ ဂျာနယ်လစ် ဆိုင်မွန်ဖီးလစ်က ချယ်လ်ဆီးအသင်းပူးတွဲပိုင်ရှင် တော့ဒ်ဘိုလီသည် နေမာအား ခေါ်ယူရန် စုံစမ်းနေပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ်အတွင်း ကာတာနိုင်ငံသို့ သွားရောက်ကာ နေမာ၏ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်နွေရာသီကလည်း နေမာကို အငှားဖြင့် ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ယခုအခါ တော့ဒ်ဘိုလီအနေဖြင့် လာမည့် ၂၀၂၃ နွေရာသီတွင် နေမာအား အပြီးသတ်ခေါ်ယူရန် စုံစမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆိုင်မွန်ဖီးလစ်က ပြောကြား သည်။ PSG အသင်းသည် အသင်းကြယ်ပွင့် ကစားသမားသုံးဦးဖြစ်သည့် မက်ဆီ၊ နေမာ၊ ဘာပေတို့ထဲတွင် ဘာပေနှင့် မက်ဆီကို ထိန်းပြီး နေမာကို ရောင်းထုတ်လိုနေကြောင်းလည်း သိရှိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments