PSG အသင်းနှင့် လမ်းခွဲထားသည့် စပိန်ဝါရင့်နောက်ခံလူ ရာမို့စ် (၃၇ နှစ်)သည် လာမည့် (၁၀)ရက်အတွင်း ၎င်း၏အနာဂတ်အား ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။
လက်ရှိတွင် ရာမို့စ်ကိုခေါ်ယူရန် ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းအပါအဝင် မေဂျာလိဂ်နှင့် ဆော်ဒီအာရေဗျကလပ်အသင်းအချို့က စိတ်ဝင်စားနေသော်လည်း ဘရာဇီးလ်သို့ပြောင်းရွှေ့ရန် ဆန္ဒမရှိဘဲ မေဂျာလိဂ် (သို့) ဆော်ဒီအာရေဗျကိုသာ ရွေးချယ်ဖွယ်ရှိကြောင်းသိရသည်။

ရာမို့စ်သည် မက်ဆီအပါအဝင် ဘာစီလိုနာကစားသမားများစွာ ရောက်ရှိနေသည့် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့ကစားရန် စိတ်ဝင်စားနေကြောင်း သိရသည်။






