Monday, February 9, 2026
spot_img
spot_img

လာမည့်ရာသီ၌ မက်ဆီနှင့် ဘတ်စ်ကက်တို ရောက်ရှိလာရန် ဘက်ခမ်း၏ အင်တာမီယာမီတွင် မြင့်မားသောမျှော်လင့်ချက်များရှိ

ဘာစီလိုနာအသင်းခေါင်းဆောင် ဆာဂျီယို ဘတ်စ်ကက်စ်နှင့် ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ်မက်ဆီတိုကို ဒေးဗစ်ဘက်ခမ်းက လာမည့်ရာသီတွင် သူ၏အသင်း အင်တာမီယာမီသို ခေါ်ယူရန် ကြိုးပမ်းနေခြင်းကြောင့် မက်ဆီ နှင့် ဘတ်စ်ကက်စ် ၏ အနာဂတ်နှင့်ပတ်သက်၍ ထင်ကြေးပေးမှုများ အများအပြားရှိနေဆဲဖြစ်သည်။

Busquets ကို ဘာစီလိုနာမှာ ဆက်နေရန်အတွက် တစ်နှစ် သက်တမ်းတိုးရန် ကမ်းလှမ်းမည်ဖြစ်သော်လည်း လုပ်ခလစာ သိသိသာသာ လျှော့ထားသည်ဟု မီဒီယာအချို၏ ဖော်ပြချက်အရ သိရပါသည်။ ယင်းလစာ လျှော့ထားသည့်အချက်တစ်ချက်တည်းက သူ့အား အသင်းအပြောင်းအရွှေ့အတွက် သွေးဆောင်ရန် လုံလောက်နိုင်မည်ဖြစ်ပြီး မိုင်ယာမီသည် ဘောလုံးအသက်မွေးဝမ်းကြောင်းအတွက် နေရာကောင်းတစ်ခုဖြစ်သည်။

မက်ဆီနှင့်ပတ်သက်၍လည်း မီဒီယာအချိုက လက်ရှိကလပ် PSG သည် မက်ဆီလိုအပ်ပါက ငွေ ပိုပေး၍ ယခင်သဘောတူထားသည့် တစ်နှစ်ထက် ပိုရှည်သည့် စာချုပ်ကို ကမ်းလှမ်းမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မက်ဆီ ၏ အသင်းဟောင်းဖြစ်သည့် ဘာစီလိုနာ သည် ဘတ်စ်ကက်စ် ကို ဆက်နေရန် ကောင်းကောင်း ဆွဲဆောင်နိုင်ပြီး လာမည့်ရာသီအတွက် အမှန်တကယ် အခွင့်အရေး ရရှိနိုင်သည်ဟု ယုံကြည်နေသည်ဟုလည်း သိရသည်။

အံ့အားသင့်စရာကောင်းသည်က မက်ဆီသည် ၂၀၂၃ ခုနှစ်ကနေစပြီး မိုင်ယာမီမှာကစားနိုင်ရန်အတွက် မိုင်ယာမီမှာ ဇိမ်ခံတိုက်ခန်းတစ်ခန်းကို ဝယ်လိုက်ပြီဖြစ်ကြောင်း ၂၀၂၀ ခုနှစ်လောက်တုန်းက သတင်းများထွက်ရှိခဲ့သည်ဖြစ်ရာ ယခုအချိန်နှင့် ကိုက်ညီနေပါသည်။

အင်တာမီယာမီအသင်းသည် လာမည့် MLS ကမ်ပိန်းအတွက် ၎င်းတိုနှစ်ဦးကို ရရှိစေမည့် မျှော်လင့်ချက်များ မြင့်မားနေပါသည်။ အကယ်၍ တစ်ဦး သိုမဟုတ် နှစ်ဦးစလုံး ရောက်လာပါက၊ ဘက်ခမ်းကိုယ်တိုင် LA Galaxy အသင်းသို ရောက်ရှိခဲ့စဉ်ကကဲ့သို တူညီသော အကျိုးသက်ရောက်မှုရှိနိုင်ဖွယ်ရှိပါသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments