Monday, February 9, 2026
spot_img
spot_img

လာမည့်နွေရာသီတွင် အင်တာမိုင်ယာမီသို့ မိုဒရစ်ပြောင်းရွှေ့လာစေရန် မက်ဆီဆန္ဒရှိနေ

အင်တာမိုင်ယာမီအသင်း၏ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး မက်ဆီသည် လာမည့် ၂၀၂၄ နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ရီးယဲလ်မက်ဒရစ်အသင်းမှ ခရိုအေးရှားဝါရင့်ကွင်းလယ်လူ မိုဒရစ်အား မိုင်ယာမီအသင်းသို့ ပြောင်းရွှေ့လာစေရန် ဆန္ဒရှိနေကြောင်း စပိန်အားကစားသတင်းစာ Football Espana ကဖော်ပြခဲ့သည်။

နာမည်ကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်ပူးတွဲ ပိုင်ဆိုင်သည့် အင်တာမိုင်ယာမီအသင်းသည် ပြီးခဲ့သည့် ၂၀၂၃ နွေဈေးကွက်အတွင်း မက်ဆီ၊ ဘူးစကွက်စ်နှင့် အယ်လ်ဘာအစရှိသည့် ဘာစီလိုနာကစားသမားဟောင်း (၃)ဦးကို အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ခဲ့သလို၊ လာမည့် နွေရာသီတွင်လည်း ရီးယဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့် မိုဒရစ် (၃၈ နှစ်)အား အလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူရန် ပစ်မှတ်ထားနေကြောင်းသိရသည်။

ထို့ကြောင့် မက်ဆီအနေဖြင့် မိုဒရစ်အား အင်တာမိုင်ယာမီအသင်းထံအမှန်တကယ်ပြောင်းရွှေ့လာစေရန် ဆန္ဒရှိနေပြီး မိုဒရစ်အနေဖြင့်လည်း မိုင်ယာမီအသင်း၏ စိတ်ဝင်စားမှုအပေါ် တံခါးဖွင့်ထားကြောင်းသိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments