တန်းဟက်က မန်ယူသည်လာမည့်နွေရာသီ ကစားသမားသစ်ခေါ်ယူရာတွင် ပြီးခဲ့သည့်နွေရာသီက ကဲ့သို့ ကစားသမားကောင်းများကို ခေါ်ယူရန် ခက်ခက်ခဲခဲစည်းရုံးရမည်မဟုတ်တော့ဟု ယူဆကြောင်းထုတ်ဖော်ပြောဆိုလိုက်သည်။

“ပြီးခဲ့တဲ့နှစ်ကနဲ့ အခြေအနေတွေ မတူတော့ဘူးဆိုတာကို ကျွန်တော်တွေ့နေရပါတယ်။ ပြီးခဲ့တဲ့နှစ်က ကစားသမားတွေနဲ့ဆွေးနွေးတဲ့အခါမှာ သူတို့က အင်တင်တင်လုပ်တာတွေရှိတတ်ပါတယ်။ အခုတော့ ကစားသမားအများစုက မန်ယူရဲ့ အားကစားပရောဂျက်၊ ရည်ရွယ်ချက် တိုးတက်လာမှုနဲ့ ဘာတွေ ဦးတည်ပြီးဖြစ်ပေါ်နေလည်းဆိုတာကို သိလာပါတယ်။ ပြီးခဲ့တဲ့နှစ်က သံသယတွေရှိနေကြပေမယ့် ဒီနှစ်မှာတော့ မန်ယူကို ကစားသမားတွေလာချင်ကြလိမ့်မယ်လို့ ယူဆပါတယ်”ဟု တန်းဟက်က ပြောဆိုလိုက်သည်။

တန်းဟက်က ဝက်စ်ဟမ်းနှင့်ပွဲတွင် အမှားတစ်ခုကျူးလွန်ခဲ့သော်လည်း လာမည့်ပွဲစဉ်များတွင် ဂိုးသမားဒဟေးယားကို ပွဲထွက်ကစားသမားနေရာမှချန်လှပ်ထားရန်အစီအစဉ်မရှိကြောင်းလည်း ပြောဆိုလိုက်သည်။ မန်ယူသည် လာမည့်နွေရာသီတွင် ဒဟေးယားကို အသင်းမှဖယ်ထုတ်ပြီး ဂိုးသမားတစ်ဦးကို ခေါ်ယူရန်စီစဉ်နေကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။






