လာဇီယိုအသင်း၏ အဓိကသွင်းဂိုးရှင် အီမိုဘီလီသည် လက်မောင်းဒဏ်ရာကြောင့် အနားယူရမည်ဖြစ်ကြောင်း သိရသည်။
အီမိုဘီလီသည် ပြီးခဲ့သည့် အူဒီးနီးစ်အသင်းနှင့် ဂိုးမရှိသရေကျသော စီးရီးအေပွဲစဉ်တွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပွဲချိန် မိနစ်(၃၀)၌ တောင်ပံတိုက်စစ်ကစားသမား ပတ်ဒရိုနှင့် လူစားလဲခံခဲ့ရသည်။
လာဇီယိုအသင်းသည် အီမိုဘီလီ၏ ဒဏ်ရာနှင့်ပတ်သက်၍ မည်မျှကြာအောင် အနားယူရမည်ကို အတိအကျ မသိရှိသေး ကြောင်းလည်း ထုတ်ပြန်ကြေညာခဲ့သည်။

သို့သော် အီတလီမီဒီယာများကမူ အီမိုဘီလီသည် ယခုနှစ် ၂၀၂၂ နှစ်ကုန်အထိ အနားယူရဖွယ်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
ထို့ကြောင့် အီမိုဘီလီသည် ယူရိုပါလိဂ် (၂)ပွဲအပါအဝင် လာဇီယိုအသင်း၏ ပွဲစဉ် (၇)ပွဲကို လွဲချော်ဖွယ်ရှိ နေကြောင်းလည်း သိရှိရသည်။
အီမိုဘီလီသည် လာဇီယိုအသင်း၏ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး ယခုသတင်းမှာ ရောမမြို့ခံအသင်းအတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့သည်။






