အသင်းလက်မဲ့ဖြစ်နေသည့် အင်္ဂလန်တောင်ပံကစားသမား လင်ဂတ်နှင့် ဆော်ဒီကလပ် အယ်လ်အစ်တီဖာအသင်းတို့ အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်မရှိကြောင်း သိရသည်။
လင်ဂတ်သည် ဂျရတ် ကိုင်တွယ်နေသည့် အယ်လ်အစ်တီဖာအသင်းတွင် သွားရောက်စမ်းသပ်လေ့ကျင့်ခဲ့သော်လည်း ၎င်းကို ခေါ်ယူမည်ဆိုပါက ပြည်ပကစားသမားနှစ်ဦးကို အသင်းမှ လျှော့ချရဖွယ်ရှိနေခြင်းနှင့် လင်ဂတ်၏ မြင့်မားသည့် လစာတောင်းဆိုမှုတို့ကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖွယ်မရှိတော့ဟု သိရသည်။
ထို့ကြောင့် လင်ဂတ်သည် အင်္ဂလန်၌ ပြန်ကစားဖွယ်ရှိနေကြောင်း သိရသည်။







