Tuesday, January 20, 2026
spot_img
spot_img

လင်ဂတ်ကို တစ်ပတ်လစာ ပေါင်နှစ်သိန်းဖြင့်ခေါ်ယူပြီးနောက် နော်တင်ဟမ်အသင်း၏ ကစားသမားခေါ်ယူမှု ၁၁ ဦးအထိရှိလာ

ပရီးမီးယားလိဂ်တန်းတက် နော်တင်ဟမ်ဖောရက်စ်အသင်းသည် မန်ယူအသင်း ကွင်းလယ်တိုက်စစ်ကစားသမားဟောင်း လင်ဂတ်ကို တစ်ပတ်လစာ ပေါင်နှစ်သိန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခုနွေရာသီတွင် ကစားသမားသစ်ခေါ်ယူမှု ၁၁ ဦးအထိရှိလာပြီဖြစ်ကြောင်း သိရသည်။

နော်တင်ဟမ်အသင်းသည် ယခုနွေ ရာသီတွင် မန်ယူအသင်းနှင့် လမ်းခွဲထားသည့် အင်္ဂလန်လက်ရွေးစင်ကစားသမား လင်ဂတ် (၂၉ နှစ်) ကို ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ခေါ်ယူပြီး တစ်နှစ်စာချုပ် ချုပ်ဆိုထားကြောင်း ကြာသပတေးနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့ သည်။

ဗြိတိန်အခြေစိုက် The Guardian သတင်းဌာန၏ ဖော်ပြမှုအရ လင်ဂတ်သည် နော်တင်ဟမ်အသင်း၌ တစ်ပတ်လစာ ပေါင် နှစ်သိန်းအထိရရှိမည်ဖြစ်ပြီး နံပါတ် ၁၀ ဝတ်ဆင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ၎င်းအား ၂၀၂၀-၂၀၂၁ ရာသီက ရာသီဝက်အငှား ဖြင့် ခေါ်ယူခဲ့ဖူးသည့် ဝက်စ်ဟမ်းအသင်းက ခေါ်ယူနိုင်ရန် နီးစပ်ခဲ့သော်လည်း တစ်ပတ်လစာ ပေါင်တစ်သိန်းခွဲဖြင့်သာ ကမ်းလှမ်းခဲ့သောကြောင့် ပျက်ပြယ်ခဲ့ရခြင်းဖြစ်သည်။

၁၉၉၉ ခုနှစ်နောက်ပိုင်း ၂၃ နှစ်အကြာတွင် ပရီးမီးယားလိဂ်သို့ တစ်ကျော့ပြန် တန်းတက်ခွင့်ရထားသည့် နော်တင်ဟမ်အသင်းသည် ၎င်းမတိုင်မီ အာဝိုနီယီ (ကလပ်စံချိန်တင် ပေါင် ၁၇ သန်း)၊ နီကိုဝီလီယံ (ပေါင် ၁၆ သန်း)၊ နီယာခါတီ (ပေါင် ၈ ဒသမ ၇ သန်း)၊ အိုမာရစ်ချက် (ပေါင် ၈ ဒသမ ၅ သန်း)၊ အိုဘရိုင်ယန် (ပေါင်ခြောက်သန်း)၊ ဘီယန်ကိုနီ (ပေါင်ငါးသန်း)၊ တော့ဖ်ဖိုလို (ပေါင်လေး သန်း)၊ အဂီလီရာ (မဖော်ပြ)၊ ဟန်နက်ဆီ (အလွတ်) နှင့် ဒင်းဟန်ဒါဆန် (အငှား) တို့ကို ခေါ်ယူထားပြီး ပြောင်းရွှေ့ကြေးအသုံးစရိတ် ပေါင် ၆၅ သန်းဝန်းကျင် အသုံးပြုထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments