Friday, March 13, 2026
spot_img
spot_img

လက်ရှိ ချန်ပီယံ မန်စီးတီး အသင်း အဆင့် ၃ ပဲ ရလိမ့်မယ်ဆိုတဲ့ ဆီဗက်စတား ရဲ့ ပရီးမီးယားလိဂ် Top 4 ခန့်မှန်းချက်

မန်ချက်စတာ ယူနိုက်တက် ၊ အာဆင်နယ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူဟောင်း ဆီဗက်စတား ဟာ လာမယ့် ဘောလုံး ရာသီ အတွက် ပရီးမီးယားလိဂ် အဆင့် ရပ်တည်မှု ကို ခန့်မှန်းမှု ပြုလုပ် သွားခဲ့ပြီး မန်စီးတီး အသင်း အဆင့် ၃ ပဲ ရလိမ့်မယ်လို့ အံ့အား သင့်ဖွယ် ခန့်မှန်း သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ချန်ပီယံဆုကို ၃ နှစ်ဆက်တိုက် ရယူထားပြီး မနှစ်က တစ်ရာသီ အတွင်း ဖလား ၃ လုံး အထိ သိမ်းပိုက် နိုင်ခဲ့တဲ့ မန်စီးတီး အသင်းကို ကျော်ဖြတ်ပြီး သူ့ရဲ့ အသင်းဟောင်း နှစ်သင်း ဖြစ်ကြတဲ့ အာဆင်နယ် နှင့် မန်ယူနိုက်တက် တို့က ချန်ပီယံဆု ကို လုယူ ရလိမ့်မယ်လို့ ဆီဗက်စတား က ခန့်မှန်း သွားခဲ့တာပါ ။

” အာဆင်နယ် အသင်း ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ကျနော် ထင်ပါတယ် ။ ဒုတိယနေရာ ကိုတော့ မန်ယူနိုက်တက် အသင်း ရပါလိမ့်မယ် ၊ မန်စီးတီး က တတိယ ၊ လီဗာပူး က စတုတ္တ ဖြစ်ပါလိမ့်မယ် ၊ မနှစ်က အာဆင်နယ် အသင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ် နိုင်ခဲ့တာက အားလုံးကို တအံ့တဩ ဖြစ်စေခဲ့ပါတယ် ၊ သူတို့ ကိုယ်တိုင်လည်း အံ့ဩတကြီး ဖြစ်ခဲ့ရတာပါ ။ ”

” အာဆင်နယ် က ထိပ်ဆုံးမှာ အကြာကြီး ရပ်တည်ပြီး သူတို့ရဲ့ တည်ငြိမ်မှု ကို ပြသခဲ့ပါတယ် ၊ ဒီနှစ်လည်း သူတို့က သေချာပေါက် ချန်ပီယံ စိန်ခေါ်သူပါပဲ ၊ သူတို့ ချန်ပီယံဆု ရဖို့ ကြိုးစား ရမှာ ဖြစ်ပြီး ရလည်း ရသင့်ရထိုက်တဲ့ အနေအထား ရှိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

ပရီးမီးယားလိဂ် ပြိုင်ပွဲ ဟာ လာမယ့် ဩဂုတ်လ ၁၂ ရက်နေ့မှာ စတင်တော့ မှာ ဖြစ်ပြီး အဖွင့် ပွဲစဉ် အဖြစ် ဘန်လေ Vs မန်စီးတီး ကစားမှာ ဖြစ်ပါတယ် ။ အာဆင်နယ် ကတော့ အဖွင့်ပွဲမှာ နော်တင်ဟမ်ဖောရက်စ် ၊ မန်ယူနိုက်တက် က ဝုလ်ဗ် ၊ ချဲလ်ဆီး က လီဗာပူး နဲ့ ကစားရမှာပါ ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments