Thursday, January 15, 2026
spot_img
spot_img

လက်ရှိတွင် တန်းဆင်းဇုန်အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း မန်ယူအသင်းအနေဖြင့် (၄)ရာသီအတွင်း ထိပ်တန်းအဆင့်ပြန်ရောက်လာမည်ဟု

မန်ယူအသင်းအနေဖြင့် လက်ရှိတွင် တန်းဆင်းဇုန် အန္တရာယ်နှင့် ရင်ဆိုင်နေရသော်လည်း (၄) ရာသီအတွင်း ကမ္ဘာ့ထိပ်တန်းအဆင့် ပြန်ရောက်လာမည်ဟု ကမ္ဘာလုံးဆိုင်ရာရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းရှင်များ (UBS) က ခန့်မှန်းခဲ့ကြသည်။

မန်ယူအသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲစဉ် (၁၉) အပြီးတွင် ရမှတ် (၂၂) မှတ်ဖြင့် အဆင့် (၁၄) ရပ်တည်နေပြီး တန်းဆင်းဇုန်ဖြစ်သည့် အဆင့် (၁၈)မှ အစ်ဝစ်ချ်အသင်း(၁၅ မှတ်)နှင့် (၇) မှတ်သာ ကွာဟတော့သည်။ ထို့ကြောင့် မန်ယူနည်းပြ မန်ယူနည်းပြ အာမိုရင်မ်က ၎င်းတို့အသင်းအနေဖြင့် ရလဒ်များကောင်းမွန်အောင် စွမ်း ဆောင်နိုင်ခြင်းမရှိပါက တန်းဆင်းရနိုင်ကြောင်း နယူးကာဆယ်အသင်းကို ရှုံးနိမ့်ပြီးနောက် ဝန်ခံထားသည်။

သို့သော် ယခုအခါ UBS က ဆာဂျင်ရက်ကလစ်ဖ်နှင့် INEOS အဖွဲ့ ရောက်လာပြီးနောက် မန်ယူအသင်းအနေဖြင့် ထိပ်တန်းအဆင့်သို့ ပြန်ရောက်လာမည်ဟု ခန့်မှန်းခဲ့ခြင်းဖြစ်သည်။ ဆွစ်ဇာလန်အခြေစိုက် UBS အဖွဲ့သည် စာမျက်နှာ (၄၁) နှာပါ စီးပွားရေးသုံးသပ်မှုကို ထုတ်ပြန်ခဲ့ပြီး INEOS အကြောင်းကိုပါ ဖော်ပြထားသည်။

UBS ၏ခန့်မှန်းချက်အ ရ မန်ယူအသင်းသည် (၄) ရာသီအတွင်း ပရီးမီးယားလိဂ်တွင် Top Four ဝင်မည်ဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ပြန်ရမည်ဟု ခန့်မှန်းခဲ့သလို၊ အသင်း၏ဝင်ငွေမှာလည်း (၁) ဘီလီယံအမှတ်ကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် UBS က မန်ယူအသင်း၏ ရှယ်ယာစျေးနှုန်းများမှာ လက်ရှိတွင် ကျဆင်းနေပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရှယ်ယာများကို ဝယ်ထားသင့်ကြောင်းလည်း တိုက်တွန်းခဲ့သည်။

ဆာဂျင်ရက်ကလစ်ဖ်နှင့်အဖွဲ့သည် မန်ယူအသင်း၏ ရှယ်ယာ (၂၉) ရာခိုင်နှုန်းကိုဝယ်ယူပြီးနောက် အဘက်ဘက်မှ အသုံးစရိတ်များကို လျှော့ချခဲ့သည်။ ဆာဂျင်ရက်ကလစ်ဖ် လက်ထက်တွင် မန်ယူအသင်းသည် အသင်းဝန်ထမ်း (၂၅၀) ကို အလုပ်ဖြုတ်ခဲ့သလို၊ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန်ကိုပါ သံတမန်ရာထူးက ဖယ်ရှားခဲ့သဖြင့် အသင်းပရိသတ်များ၏ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments