Saturday, February 7, 2026
spot_img
spot_img

လက်ရှိတွင် ချန်ပီယံဆုထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးမှာ အဓိကပစ်မှတ်ဟု ယာဂန်ကလော့ပ် ဝန်ခံ

လီဗာပူးလ်အသင်းနည်းပြ ယာဂန်ကလော့ပ်က လက်ရှိအချိန်တွင် ချန်ပီယံဆုရရှိရေးထက် ချန်ပီယံလိဂ်ဝင်ခွင့်ရရေးမှာ အဓိကပစ်မှတ်ကြောင်း ဝန်ခံပြောကြားသည်။

”ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့က အသင်းအတွက် အရမ်းအရေးကြီးပါတယ်။ အခုအချိန်မှာ အဲဒါက ကျွန်တော်တို့ရဲ့ အဓိကပစ်မှတ်ပါပဲ။ အပြောင်းအရွှေ့ရှုထောင့်ကကြည့်ရင်လည်း ကျွန်တော်တို့အနေနဲ့ ယေဘုယျအားဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အခွင့်အရေးကောင်း ရှိနေပါတယ်။ ဒီနှစ်မှာ ၁၀၀ ရာခိုင်နှုန်း မဟုတ်ပေမဲ့ လာမယ့်နှစ်အနည်းငယ်အထိ အဲဒီနေရာအတွက် စိန်ခေါ်သူအဖြစ်ရှိနေမှာ ၁၀၀ ရာခိုင်နှုန်း သေချာပါတယ်။ ကစားသမားတစ်ယောက်ကို မေးတဲ့အခါ သူက ‘ဟုတ်ပြီ။ မင်းတို့အသင်းက ချန်ပီယံလိဂ်မကစားရဘူး။ ဒါကြောင့် တခြားအသင်းကို ပြောင်းရွှေ့မယ်’လို့ ပြောလိမ့်မယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီကစားသမားကို ကျွန်တော်ထပ်ပြီး လိုချင်နေဦးမလားဆိုတာ မသေချာပါဘူး။ ဒါကို ကျွန်တော် နားလည်ပါတယ်။ ကျွန်တော်လည်း ချန်ပီယံလိဂ်မှာ အမြဲတမ်းကစားချင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်တို့အနေနဲ့ လာမယ့်နှစ်အတွက် ဝင်ခွင့်ရဖို့ လမ်းကြောင်းနှစ်ခု ကျန်ပါသေးတယ်။ အဲဒီလိုဖြစ်နေသရွေ့ ကျွန်တော်တို့က အလားအလာရှိတဲ့ စိန်ခေါ်သူအဖြစ် ရှုမြင်ထားပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ပြင် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အသင်းအတွက် ခြေစွမ်းပြခဲ့သည့် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ် (၁၉ နှစ်) နှင့်ပတ်သက်၍ ကလော့ပ်က ”ဂျုဒ်လို ကစားသမား အကြောင်းပြောတဲ့အခါ ငွေအကြောင်းပြောရတာ ကျွန်တော် မကြိုက်ပါဘူး။ သူက ထူးခြားတဲ့ ကစားသမားဆိုတာ အားလုံးသဘောတူမယ်လို့ ကျွန်တော် ထင်တယ်။ ဘောလုံးအကြောင်း မသိတဲ့သူ၊ ပွဲမကြည့်တာကြာနေတဲ့သူကို ‘ဂျုဒ်က အသက်ဘယ်လောက်လို့ ထင်လဲ’ မေးရင် ဘယ်သူမှ နီးစပ်အောင်ဖြေနိုင်မှာ မဟုတ်ဘူး။ ၂၈၊ ၂၉ နှစ်ဖြစ်မယ်လို့ သူတို့ပြောကြလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက အရမ်းကိုရင့်ကျက်လို့ပါ။ သူလုပ်နိုင်တဲ့အရာတွေက သင်ယူဖို့ ခက်ခဲပြီး သူက သင်ယူရမယ့်ဟာတွေကို လွယ်လွယ်ကူကူ လုပ်နိုင်တယ်”ဟု သုံးသပ်ပြောကြားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments