မန်ယူအသင်းသည် လက်ချီအသင်းမှ မွန်တီနီဂရိုးတိုက်စစ်မှူး နီကိုလာကာစတိုဗစ်ကို ခေါ်ယူရန် ချိန်ရွယ်နေကြောင်း သိရသည်။
ကာစတိုဗစ်(၂၃ နှစ်)သည် ပြီးခဲ့သည့်နွေရာသီကမှ လက်ချီအသင်းသို့ ရောက်ရှိခဲ့သူဖြစ်ပြီး ယခုရာသီစီးရီးအေ ပြိုင်ပွဲ၌ (၁၁)ပွဲကစားပြီး (၄)ဂိုးသွင်းယူပေးထားသည်။
ထို့ကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်က မျက်စိကျနေခြင်းဖြစ်ပြီး အသင်းတာဝန်ရှိသူများထံ ခေါ်ယူအားဖြည့်ပေးရန် တောင်းဆိုထားကြောင်း သိရသည်။

မန်ယူအသင်းသည် ကာစတိုဗစ်အား ခေါ်ယူရန်အတွက် ကင်းထောက်များ စေလွှတ်ကာ စောင့်ကြည့်ခိုင်းထားကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။
မန်ယူအသင်းအနေဖြင့် ကာစတိုဗစ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်(၁၀)သန်းအောက်သာ သုံးစွဲရဖွယ်ရှိကြောင်းလည်း သိရသည်။






