Friday, March 13, 2026
spot_img
spot_img

ရှီးယားရား အန်ဒီကိုးလ်တို့ရဲ့စံချိန်ကို ကျော်ဖြတ်ပြီး တစ်ရာသီအတွင်း ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်သစ် တင်လိုက်နိုင်တဲ့ ဟာလန်း

မနေ့ညက ကစားသည့်ပွဲတွင် မန်စီးတီးကို ဝက်စ်ဟမ်းသည် အိမ်ကွင်းတွင် ၃-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့သည်။ အဆိုပါပွဲတွင် အနိုင်ဂိုးများကို မိနစ် ၅၀ တွင် နာသန်အာကီ မိနစ် ၇၀ တွင် ဟာလန်းနှင့် ၈၅ မိနစ် တွင် ဖိုဒန်တို့က သွင်းယူလိုက်ခြင်းဖြစ်သည်။ ထိုသို့သွင်းယူပြီးနောက် ဟာလန်းသည် ပရီးမီးယားလိဂ်သွင်းဂိုး ၃၅ ဂိုးအထိရှိလာပြီး တစ်ရာသီအတွင်းတွင် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးစံချိန်သစ်ကို တင်နိုင်ခဲ့သည်။ ယခင်က ပရီးမီးယားလိဂ် တစ်ရာသီအတွင်းသွင်းဂိုးအများဆုံးစံချိန်ကို ၃၄ ဂိုးသွင်းပြီး ရှီးယားရားနှင့် အန်ဒီကိုးလ်တို့က တင်းထားခြင်းဖြစ်သည်။ ၁၉၉၃-၉၄ တွင်ရှီးယားရားနှင့် ၁၉၉၄-၉၅ တွင် အန်ဒီကိုးလ်တို့က ၃၄ ဂိုးစီအသီးသီး သွင်းပြီး ပရီးမီးယားလိဂ် သွင်းဂိုးအများဆုံးစံချိန်ကို တင်ထားခဲ့ခြင်းဖြစ်သည်။ နှစ်ပေါင်းများစွာရပ်တည်ခဲ့သော  အဆိုပါစံချိန်ကို ယခုနှစ်တွင် ၃၅ ဂိုးသွင်းပြီး အသက် ၂၂ နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူးက စံချိန်ချိုးလိုက်နိုင်ခြင်းဖြစ်သည်။

ဝက်စ်ဟမ်းကို အနိုင်ရပြီးနောက် မန်စီးတီးသည် ၃၃ ပွဲကစား ၇၉ မှတ်ရရှိထားပြီး အာဆင်နယ်ကို ကျော်တက်ကာ တစ်မှတ်အသာဖြင့် ပရီးမီးယားလိဂ် ထိပ်ဆုံးတွင် ရပ်တည်နိုင်ပြီဖြစ်သည်။  အာဆင်နယ်သည် မန်စီးတီးထက်တစ်ပွဲပိုကစားထားပြီး ၃၄ ပွဲကစား ၇၈ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေသည်။

ပွဲအပြီးတွင် ဟာလန်းက “မှန်ပါတယ်။ စံချိန်သစ်အကြောင်းကို ကျွန်တော်သိပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာ ဂိုးသွင်းခွင့်တွေဖန်တီးပေးနိုင်ဖို့လည်း ကြိုးစားကစားခဲ့ပါတယ်။ ကစားရတာခက်ခဲပါတယ်။ ပထမပိုင်းမှာ ခက်ခက်ခဲခဲကစားခဲ့ရပါတယ်။ ဒုတိယပိုင်းမှာတော့ အာကီ ကျွန်တော်နဲ့ ဖိုဒန်တို့ဂိုးတွေရခဲ့ကြပါတယ်”ဟု ပြောဆိုလိုက်သည်။ မန်စီးတီးသည် နောက်ထပ် ပရီးမီးယာလိဂ်ပွဲစဉ် ၅ ပွဲထပ်ကစားရန်ရှိနေခြင်းကြောင့် ဟာလန်းအနေဖြင့် နောက်ထပ်သွင်းဂိုးများစွာ ထပ်သွင်းရန် အခွင့်အလန်းအများကြီးရှိနေသေးသည်။ ၁၉၂၇-၂၈ ဘောလုံးရာသီတွင် အဲဗာတန်မှ ဒစ်စီဒိန်းက ပြိုင်ပွဲစုံ ၆၃ ဂိုးသွင်းပြီး ဘောလုံးတစ်ရာသီအတွင်းတွင် ပြိုင်ပွဲစုံသွင်းဂိုးအများဆုံး စံချိန်ကို တင်ထားနိုင်ပြီးလက်ရှိအချိန်အထိအဆိုပါစံချိန်ကို မည်သူကမျှ မချိုးနိုင်ဖြစ်နေသည်။ ဟာလန်းအနေဖြင့် အဆိုပါစံချိန်ကိုလည်း ချိုးဖျက်လာနိုင်ဖွယ်ရှိကြောင်း မီဒီယာများကသုံးသပ်ဖော်ပြသည်။ ဟာလန်းသည် လက်ရှိအချိန်တွင် ပြိုင်ပွဲစုံ  ၅၁ ဂိုးသွင်းထားပြီး မန်စီးတီးသည် ချန်ပီယံလိဂ် အက်ဖ်အေဖလားနှင့် ပရီးမီးယားလိဂ်ဖလားများကို အရယူနိုင်ရန်ကြိုးပမ်းနေသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments