Thursday, January 22, 2026
spot_img
spot_img

ရွန်းနီနဲ့ ပလိုင်းမောက်အသင်းတို့အပေါ် လေးစားမှု အပြည့်ရှိပါတယ်လို့ လမ်းပတ် ဆို

ဒီနေ့ညမှာ အင်္ဂလန် ထိပ်တန်း ကစားသမားဟောင်းကြီးတွေဖြစ်တဲ့ ဖရန့် လမ်းပတ်နဲ့ ဝိန်း ရွန်းနီတို့ ကိုင်တွယ်နေကြတဲ့ လိဂ်ချန်ပီယံရှစ်ကလပ် ကိုဗင်ထရီနဲ့ ပလိုင်းမောက်အသင်းတို့ ထိပ်တိုက် တွေ့ဆုံကြမှာဖြစ်ပြီး ဒီပွဲမတိုင်လင် ကိုဗင်ထရီနည်းပြ လမ်းပတ်က သူရဲ့ လက်ရွေးစင်ဟောင်း ရွန်းနီကို ချီးကျူးစကားတွေ ပြောဆိုလာခဲ့ပါတယ်။

ကွင်းလယ်ကစားသမားဟောင်း လမ်းပတ်နဲ့ တိုက်စစ်ကစားသမားဟောင်း ရွန်းနီတို့ဟာ အင်္ဂလန် လက်ရွေးစင်အသင်းမှာသာ အသင်းဖော်တွေအဖြစ် ကစားခဲ့ဖူးတာဖြစ်ပြီး ကလပ်အသင်းမှာတော့ တစ်သင်းတည်း အတူ ကစားခဲ့ရခြင်း မရှိခဲ့ဘဲ ပြိုင်ဘက်တွေအဖြစ်သာ တွေ့ဆုံခဲ့ရပါတယ်။

ကစားသမားဘဝကနေ အနားယူပြီး နည်းပြတွေအဖြစ် လုပ်ကိုင်ရမှာလည်း ဒါဘီကောင်တီ အသင်းကို ကိုင်တွယ်ခဲ့ဖူးတာခြင်းသာ ရှိခဲ့ပေမယ့် အခုမှသာ ပြိုင်ဘက်တွေအဖြစ် စတင် တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။ လက်ရှိ သူတို့အသင်းတွေကတော့ အခြေအနေ သိပ်မကောင်းလှဘဲ ရွန်းနီရဲ့ ပလိုင်းမောက်ဆိုရင် ဇယားအောက်ဆုံးကိုပါ ရောက်ရှိနေပါတယ်။

ချယ်လ်ဆီးနည်းပြဟောင်း လမ်းပတ်ကတော့ ကိုဗင်ထရီအသင်းကို ကိုင်တွယ်တာ (၅)ပွဲသာ ရှိသေးပြီး အသင်းက ရလဒ်တွေ သိပ်မကောင်းသေးသလို တန်းဆင်းဇုန်နဲ့ (၆)မှတ်သာ ကွာဟနေရပါတယ်။ ဒီအချိန်မှာ သူ့ထက် အခြေအနေ ပိုဆိုးနေတဲ့ ရွန်းနီရဲ့ ပလိုင်းမောက်နဲ့ ဆုံတွေ့ရတော့မှာမို့ လမ်းပတ်က “ကျွန်တော် ဝိန်းကို နှစ်ပေါင်းများစွာ ကောင်းကောင်း သိခဲ့ပြီးတော့ သူ့ကို လေးစားမှုအပြည့် ရှိသလို သူနဲ့ တွေ့ဆုံရဖို့ မျှော်လင့်ပါတယ်။”

Frank Lampard says he has total respect for Wayne Rooney and Plymouth

“သူနဲ့အတူ အင်္ဂလန်အသင်းမှာ တွဲဖက်ကစားရတာ အရမ်း ကျေနပ်စရာကောင်းသလို ပြိုင်ဘက်တွေအဖြစ် ကစားရတာကိုလည်း နှစ်သက်ပါတယ်။ သူက ပရီးမီးယားလိဂ်နဲ့ အင်္ဂလန်မှာ ထိပ်တန်းကစားသမား ဖြစ်ခဲ့တဲ့အပြင် သူရဲ့ စွမ်းဆောင်မှုတွေ ကိန်းဂဏန်း အချက်အလက်တွေကိုလည်း ဘယ်တော့မှ လျှော့တွက်လို့ မရပါဘူး။ သူရဲ့ ကစားသမားအဆင့်က မယုံနိုင်လောက်ပါဘဲ။ ကစားသမားတစ်ယောက်အနေနဲ့ သူ့အလုပ်အပေါ် ထားရှိတဲ့ ကျင့်ဝတ်တွေကို မြင်ရသလို အသင်းဖော်တွေအပေါ် အကျိုးပြုနိုင်တာကိုလည်း မြင်တွေ့ရတာက အံ့သြစရာကောင်းပါတယ်။”

“မစ်ဒယ်ဘရော့လို အသင်းကောင်းတစ်သင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း (၃)ဂိုးစီ သရေကျအောင် ကစားသွားတာကို ကြည့်ရင်လည်း နိုင်ပွဲရအောင် ကစားသွားသလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ သူတို့အသင်းကို လေးစားမှုထားပြီး အကောင်းဆုံး ယှဉ်ပြိုင်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားရမှာဖြစ်တဲ့အပြင် ကျွန်တော်တို့အသင်းဟာ အသင်းကောင်းတစ်သင်း ဖြစ်တယ်ဆိုတာကိုပါ ပြသနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments