Wednesday, February 11, 2026
spot_img
spot_img

ရော်နယ်ဒို လို မက်ဆီ ဆော်ဒီ ကို သွားမကစားတာ ဘာကြောင့်လဲ ဆိုတာ ရှင်းပြလိုက်တဲ့ အဂွေးရို

ဘာလွန်းဒေါ ၇ ဆုရှင် လီယွန်နယ် မက်ဆီ ဟာ ပီအက်စ်ဂျီ အသင်း နဲ့ စာချုပ်သစ် မချုပ်ဆိုဖို့ ဆုံးဖြတ်လိုက်ပြီးနောက် အရှေ့ အလယ်ပိုင်း ကလပ်တွေရဲ့ မက်လောက်စရာ ကမ်းလှမ်းမှုတွေ ရရှိ ခဲ့ပါတယ် ။ ဒါပေမဲ့ မက်ဆီ ဟာ သူ့ရဲ့ပြိုင်ဘက်ဟောင်းကြီး ရော်နယ်ဒို ရှိရာ ဆော်ဒီအာရေဗျ ထက် အမေရိက မှာ ကစားဖို့ ရွေးချယ် ဆုံးဖြတ် သွားခဲ့ပါတယ် ။

မက်ဆီ ဟာ ဖလော်ရီဒါ အခြေစိုက် ဒေးဗစ်ဘက်ခမ်း ပူးတွဲ ပိုင်ဆိုင်တဲ့ အင်တာမိုင်ယာမီ အသင်းမှာ သူ့ရဲ့ကစားသမား ဘဝ ကို ရှေ့ဆက်ဖို့ ရွေးချယ် ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ် ။ မက်ဆီ ရဲ့အာဂျင်တီးနား အသင်းဖော်ဟောင်း ဖြစ်တဲ့ အဂွေးရိုး ကတော့ မက်ဆီ နှင့် ရော်နယ်ဒို နှစ်ဦး ရဲ့ ကလပ် အသင်း ရွေးချယ်ပုံခြင်း မတူညီတဲ့ အကြောင်းအရင်းကို stake . com မှာ လက်တစ်လောသုံးသပ် ပြောကြား သွားခဲ့ပါတယ် ။

” ကစားသမား ဘဝ ရဲ့ နောက်ဆုံး အဆင့် ရောက်လာတဲ့ အခါ ၊ မက်ဆီ နှင့် ရော်နယ်ဒို တို့လို အသက် အရွယ် ရောက်လာတဲ့ အခါ ၊ အသက် ၃၂ နှစ် နှင့် ၃၃ နှစ် အရွယ် ရောက်လာကြတဲ့ ကစားသမား အများစုက တောင်းဆိုမှုတွေ များပြားလွန်းတဲ့ အမြင့်ဆုံး အဆင့်မှာ ကစားကြဖို့ ပင်ပန်းစ ပြုလာကြပါတယ် ။ ”

” မက်ဆီ က သူ့မိသားစု အတွက် အကောင်းဆုံး ဖြစ်ပြီး သူ အေးအေးဆေးဆေး သက်သောင့်သက်သာ ကစားလို့ရမယ့် နေရာကို ရွေးချယ် သွားခဲ့တာပါ ။ သူ သာ ဥရောပ မှာ ဆက်ကစားမယ်ဆိုရင် တောင်းဆိုမှုတွေ က အမေရိက နဲ့ လုံးဝ ကွဲပြားခြားနားနေမှာပါ ၊ သူ့ရဲ့ ကစားသမား နောက်ဆုံး အချိန်မှာ သူ ကစားချင်သလို ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း ဘယ်ကစားလို့ ရနိုင်တော့မလဲဗျ ။ ”

” မိုင်ယာမီ နှင့် ဆော်ဒီ ဘယ်ကို သွားမလဲ ရွေးချယ်ရာမှာ မိုင်ယာမီ က သူ့အတွက် ပိုပြီး အဆင်ပြေ သင့်တော်တယ်ထင်လို့ ရွေးချယ်သွားတာလို့ပဲ ကျနော်ကတော့ မြင်ပါတယ် ။ မိုင်ယာမီ က နေရာကောင်း တစ်ခုပါ ၊ လက်တင် အမေရိကဖွားတွေလည်း များတဲ့နေရာလေ ၊ သူ့ရဲ့ မိသားစု အတွက်လည်း ကြည့်ပီး မိုင်ယာမီ ကို ရွေးချယ်သွားတာပါ ။ ”

” ဆော်ဒီ ကိုသာ သွားရင် သူ့အတွက် ပိုပြီး ခက်ခဲ ရှုပ်ထွေး သွားနိုင်တယ်လေ ၊ မဟုတ်ဘူးလား ၊ ဘယ်ကို သွားမလဲ ဆိုတာ တစ်ဦး တစ်ယောက်ချင်းစီရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပေါ့ဗျာ ၊ ရော်နယ်ဒို မှာလည်း မက်ဆီ နဲ့ မတူတဲ့ ဆော်ဒီ ကို သွားကစားရတဲ့ အကြောင်းအရင်း ခိုင်ခိုင်မာမာ ရှိမှာပါ ၊ ဒါပေမယ့် ကျနော် က မက်ဆီ အကြောင်း အနည်း နှင့် အများသိသူဆိုတော့ သိသလောက် ပြောနိုင်တာပေါ့ဗျာ ၊ ရော်နယ်ဒို အကြောင်း က သိပ်မသိတော့ သူ ဆော်ဒီ ကို သွားတဲ့ အကြောင်းအရင်းကိုတော့ မသိဘူးပေါ့ဗျာ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

မက်ဆီ ကတော့ အင်တာမိုင်ယာမီ ကို ရောက်ရောက်ချင်းမှာပဲ ခြေစွမ်းပြ ကစားနေပြီး ၃ ပွဲ ကစား ၅ ဂိုးသွင်း ထားပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments