လီဗာပူး အသင်းရဲ့ အသင်း ခေါင်းဆောင်ဟောင်း တစ်ဦး ဖြစ်သူ ဂရေမီ ဆောင်းနက်စ် က တနင်္ဂနွေ နေ့တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ အများကြီး လုပ်ဆောင်သွားခဲ့တဲ့ တိုက်စစ်မှူး ရော်နယ်ဒို ဖက်မှ ကာကွယ်သွားခဲ့လိုက်ပါတယ် ။

အဆိုပါ အင်တာဗျူးမှာတော့ ရော်နယ်ဒိုက အသင်းဟာ သူ့အပေါ် သစ္စာဖောက်ခဲ့ကြောင်း ၊ အဲရစ် တန်ဟတ် ဟာ သူ့အပေါ် သူ့အပေါ် လေးစားသမှုတွေ မပြသခဲ့ကြောင်း အပါအဝင် ဝေဖန်မှုတွေ အများကြီး လုပ်ဆောင်သွားခဲ့တာပဲ ဖြစ်ပါတယ် ။
ရော်နယ်ဒိုဟာ တော့တင်ဟမ် ဟော့ စပါး အသင်းနဲ့ ပွဲစဥ်မှာ လူစားဝင် ကစားဖို့ ငြင်းဆန်ခဲ့တဲ့နောက် တစ်ကိုယ်ထဲ လေ့ကျင့်ခဲ့ရပြီး ချဲလ်ဆီး နဲ့ ကစားရတဲ့ ကစားသမား စာရင်းမှာလည်း မပါဝင်ခဲ့ပြန်ပါဘူး ။ အဲ့ဒီနောက် ရှရိဖ်နဲ့ ကစားခဲ့ရတဲ့ ယူရို ပါလိဂ်မှာ ပြန်လည် ပါဝင်ခဲ့ပါတယ် ။
ရှရိဖ် ကို 3 – 0 ဆိုတဲ့ ရလဒ် နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်မှာတော့ သူဟာ ဒီရာသီ ယူနိုက်တက် အတွက် တတိယမြောက် ဂိုးကို သွင်းယူပေးသွားနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ အဲ့ဒီနောက်ပိုင််း ကစားခဲ့ရတဲ့ ပွဲစဥ်တိုင်းမှာ ခြေစွမ်းကောင်း ပြသနိုင်ဖို့ ၊ ဂိုးသွင်းနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ် ။

အဲ့ဒီနောက် ယူနိုက်တက်တို့ ဖူလ်ဟမ် ကို 1 – 2 နဲ့ အနိုင်ရခဲ့တဲ့ပွဲစဥ်အပြီးမှာပဲ သူက ပီယာ့စ် မော်ဂန်နဲ့ အင်တာဗျူး လုပ်ခဲ့ပြီး ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ လီဗာပူး ဂန္တဝင် ဂရေမီ ဆောင်းနက်စ် ကတော့ ရော်နယ်ဒို ဖက်မှ ကာကွယ် စကား ဆိုခဲ့လိုက်ပါတယ် ။
” ကျွန်တော်ကတော့ ရော်နယ်ဒို ဖက်မှ ကာကွယ်ပေးလိုပါတယ် ။ ဒီ meeting မှာ လူနှစ်ယောက် စကားပြောကြတယ် ၊ ပြီးတော့ နားလည်မှု အပြည့်နဲ့ meeting ခန်းထဲက ထွက်လာကြတယ် ။ သူတို့တွေဟာ ဘာကိုမှ ခေါင်းထဲ သိမ််းဆည်းမလာခဲ့ကြပါဘူး ”
” သူဟာ စိတ်ထဲက စကားတွေကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဖူးပါဘူး ။ ဒါပေမဲ့ အခုချိန်က သူ့ဖက်ကနေ ပုံပြင််တွေနဲ့ ထွက်လာဖို့ အချိန်ကျပြီလို့ ခံစားနေခဲ့ရပုံ ပါပဲ ။ ဒီကိစ္စမှာ တန်ဟတ်ဟာ သူ့အပေါ်မှာ ရှုပ်ထွေးခဲ့တယ်လို့ ကျွန်တော် ထင်နေမိပါတယ် ”

” အဲ့တာက နှစ်ပေါင်း 20 လောက် မန်နေဂျာ လုပ်ခဲ့ဖူးတဲ့ ကျွန်တော် တစ်ဦးထဲရဲ့ အမြင်ပါ ။ ဒီအနေအထားကို စောင့်ကြည့်တဲ့ အခါမှာ သူတို့ နှစ်ဦး တွေ့ဆုံခဲ့တဲ့အချိန် မန််နေဂျာ ဖြစ်သူက ပေးခဲ့တဲ့ ကတိတွေကို မတည်ခဲ့တဲ့ ပုံစံမျိုးပါပဲ ။ သူဟာ လေးစားသမှု မထားခဲ့ပါဘူး ”
” ပြင်ပကနေ ကြည့်ရင်တော့ ကစားသမား ဖြစ်သူဟာ မကျေနပ်ချက်တွေ ရှိနေတယ်လို့ ထင်မိပါတယ် ။ ဒါကို အခွင့်ကြုံတုန်း ထုတ်ပြောလိုက်တာပါပဲ ။ ပုံပြင်အပြည့်အစုံကို ကျွန်တော်တို့ မသိကြပေမဲ့ ရော်နယ်ဒို ဟာ ဒီကိစ္စမှာ မှားယွင်းစွာ ဆက်ဆံခံခဲ့ရတယ်လို့ ယုံကြည်မိပါတယ် ”
” ဒီကိစ္စမှာ တစ်စုံတစ်ယောက်က ပုံပြင်ပြောခဲ့ပြီး စကားကို ပြင်ပထုတ်လွှင့်လိုက်တာလို့ ထင်မိပါတယ်။ ဘောလုံး အားကစား လောကမှာ logic တွေ အသုံးပြုလို့ မရပါဘူး ။ တခါတလေကျတော့ အဲ့တာတွေက အသိဥာဏ် မရှိတဲ့ လုပ်ရက်ပါပဲ ” လို့ တန်ဟတ်က ပြောခဲ့တာပဲ ဖြစ်ပါတယ် ။






