Tuesday, January 13, 2026
spot_img
spot_img

ရော်နယ်ဒို နဲ့ ဇလာတန်တို့ခြေရာနောက်လိုက်ဖို့ ပြင်ဆင်နေတဲ့ စပို့တင်းစတား

စပို့တင်းတိုက်စစ်မှူး ဗစ်တာဂရိုကီရက်စ်တစ်ယောက် ရော်နယ်ဒို နဲ့ ဇလာတန်တို့ခြေရာလိုက်နင်းဖို့ ပြင်ဆင်နေပြီး ယူနိုက်တက်ကလည်း ချိတ်ဆက်နေတယ်လို့ သိရပါတယ်။ ဆွီဒင်သားဟာ စပို့တင်းအသင်းနဲ့အတူ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၂၂ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

ကွင်းအတွင်းမှာ ခြေစွမ်းပြသနိုင်နေပေမယ့် စပို့တင်းဟာ အာမိုရင်ထွက်ခွာသွားပြီးနောက် ရုန်းကန်နေရကာ အသက် ၂၅ နှစ်သားကလည်း နွေရာသီမှာ အသင်းကနေထွက်ခွာဖို့ ပြင်ဆင်နေပါတယ်။ အာမိုရင်ကလည်း ယူနိုက်တက်ကိုပြောင်းလဲဖို့ ပြင်ဆင်နေပြီး တပည့်ဟောင်းကို ပြန်လည်ခေါ်ယူချင်နေပါတယ်။ ဂရိုကီရက်စ်ကို ပြီးခဲ့တဲ့အပတ်တုန်းက ယူနိုက်တက်အသင်းက ချိတ်ဆက်နေတာဖြစ်ပြီး ကစားသမားကလည်း ရော်နယ်ဒို ၊ ဇလာတန်တို့ခြေရာကို လိုက်နင်းချင်နေပါတယ်။

ဘရုဂျက်နဲ့ချန်ပီယံလိဂ်ပွဲမတိုင်ခင် အင်တာဗျူးမှာ ဂရိုကီရက်စ်က “ရော်နယ်ဒို နဲ့ ဇလာတန်တို့က ကျွနတော်အားကျရတဲ့ကစားသမားတွေပါ။ ဘာလို့လဲဆိုတော့ သူတို့ကွင်းထဲမှာပြသတဲ့စွမ်းဆောင်ရည်တွေကြောင့်ပါ။ သူတို့က ထင်ထားတာထက် ပိုကောင်းတဲ့သူတွေပါ။ အဲ့တာက ကျွန်တော့်ကို သဘောကျစေတဲ့အရာပါ။

Viktor Gyokeres set to follow in Ronaldo and Zlatan footsteps 

သူတို့လိုပဲ ကျွန်တော်ကွင်းထဲမှာ လုပ်ဆောင်ပြချင်ပါတယ်။ ဒီနေ့ခေတ်မှာက ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပိုလိုအပ်ပါတယ်။ ပြီးတော့ ဂိုးသွင်းစွမ်းရည်လည်း လိုအပ်သလို ချိတ်ဆက်မှု နဲ့ အသင်းဖော်တွေကြားနားလည်မှုလည်းရှိဖို့လိုအပ်ပါတယ်။

ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းရည် ၃ ခုက ရုပ်ပိုင်းဆိုင်ရာ ၊ အဆုံးသတ်ပိုင်း နဲ့ မှန်ကန်တဲ့နေရာကနေ ဂိုးသွင်းနိုင်တာပါ”လို့ ဖြေကြားခဲ့ပါတယ်။ ရော်နယ်ဒို နဲ့ မိုဗစ်တို့ဟာ ကမ္ဘာ့ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတွေဖြစ်ပြီး ရော်နယ်ဒိုက ယူနိုက်တက်အတွက် ၂ ကြိမ်ကစားထားရာမှာ ၃၄၆ ပွဲအတွင်း ၁၄၅ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

မိုဗစ်ကတော့ ယူနိုက်တက်နဲ့အတူ ပွဲဦးထွက်ရာသီမှာ ၂၈ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ လိဂ်ဖလား နဲ့ ယူရိုပါလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။ ဗစ်တာအနေနဲ့ အဆိုပါကစားသမား ၂ ဦးကို အားကျတာ အံ့အားသင့်ဖွယ်မရှိသလို လူငယ်တော်တော်များများကလည်း သူတို့အောင်မြင်မှုတွေကို အားကျနေတာဖြစ်ပါတယ်။

စပို့တင်းဘက်ကတော့ လာမယ့်နွေရာသီမှသာ သူတို့တိုက်စစ်မှူးကို လက်လွှတ်ဖွယ်ရှိနေပါတယ်။ ယူနိုက်တက်ဟာ လာမယ့်ကြာသပတေးနေ့မှာ ပလာဇန်အသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အဲ့နောက် မန်ချက်စတာဒါဘီကို ဆက်လက်ဆင်နွှဲရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments