Saturday, February 7, 2026
spot_img
spot_img

ရော်နယ်ဒိုရဲ့ နေရာအတွက် ပြန်လည်အစားထိုးရန် မန်ယူနိုက်တက်တို့ ပစ်မှတ်ထားသွားသင့်တဲ့ ကစားသမား ၂ ဦးကို ပြောပြလိုက်တဲ့ ပေါလ်စခိုးလ်

ပေါလ်စခိုးလ်ဟာ မန်ချက်စတာယူနိုက်တက် အသင်းကနေ ခရစ်စတီယာနိုရော်နယ်ဒို ထွက်ခွာသွားခဲ့မှု အပေါ် သုံးသပ်ပြောဆိုသွားခဲ့ပြီး ပေါ်တူဂီ တိုက်စစ်မှုးရဲ့ နေရာမှာ ၎င်းရဲ့ အသင်းဟောင်း အစားထိုးသွားနိုင်တဲ့ ကစားသမား ၂ ဦးကို ပြောပြသွားခဲ့ပါတယ်။

မန်ယူနိုက်တက်ဟာ ရော်နယ်ဒိုရဲ့ နေရာမှာ ပြန်လည် အစားထိုးသွားရန် အတွက် လာမည့် ဇန်နဝါရီမှာ တိုက်စစ်မှုးသစ် ခေါ်ယူသွားဖို့ ရှိနေပြီး ပေါလ်စခိုးလ်က ပီအက်စ်ဗီရဲ့ ကိုဒီဂတ်ပို နဲ့ RB လိုက်ပ်ဇစ်ရဲ့ ခရစ်တိုဖာအန်ကူကူ တို့ဟာ ယူနိုက်တက် အတွက် သင့်တော်တဲ့ ပစ်မှတ်တွေ ဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ယူနိုက်တက်ဟာ နယ်သာလန် စတား ဂတ်ပိုကို ခေါ်ယူရန် စိတ်၀င်စားနေတဲ့ အသင်းတွေထဲက တစ်သင်း ဖြစ်ပြီး ၎င်းဟာ ဒီရာသီမှာ ပီအက်စ်ဗီ အတွက် ၁၆ ဂိုး သွင်းထားခဲ့သလို ကာတာကမ္ဘာ့ဖလားမှာ နယ်သာလန် အတွက် ၃ ဂိုး သွင်းထားခဲ့ပြီး ဖြစ်ပါတယ်။

RB လိုက်ပ်ဇစ် တိုက်စစ်မှုး အန်ကူကူ ကတော့ လက်ရှိ အချိန်မှာ မန်ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ် ပြိုင်ဘက် ချဲလ်ဆီးကို ရောက်ရှိရန် ပိုမို အခွင့်အလမ်း များနေပါတယ်။

ရော်နယ်ဒို မရှိတဲ့ ယူနိုက်တက် တိုက်စစ်ပိုင်းမှာ ဘယ်သူ့ကို အားဖြည့်သွားသင့်သလဲ ဆိုတဲ့ မေးခွန်းကို စခိုးလ်က “ကျွန်တော်ကတော့ ယူနိုက်တက်တို့ ချိတ်ဆက်သွားနိုင်တဲ့ တိုက်စစ် ကစားသမား တစ်ချို့ ရှိနေတယ်လို့ ထင်ပါတယ်။ RB လိုက်ပ်ဇစ်က ကောင်လေး ဖြစ်တဲ့ အန်ကူကူကို ချဲလ်ဆီးက ချိတ်ဆက်လျက် ရှိနေပါတယ်။ အထောင် တိုက်စစ် နေရာဟာ သိကြတဲ့ အတိုင်းပဲ ယူနိုက်တက်တို့ ပြန်လည် အားဖြည့့်သွားဖို့ လိုအပ်တဲ့ အဓိက နေရာ ဖြစ်ပါတယ်။

ကျွန်တော်တို့မှာ အန်သိုနီမာစီရယ် နဲ့ မားကပ်ရပ်ဖို့ဒ် တို့လို ဒီနေရာမှာ ၀င်ကစားနိုင်တဲ့ ကစားသမားတွေ ရှိပါတယ်။ ဒါပေမယ့် မားကပ်ဟာ တောင်ပံတိုက်စစ်မှာ ကစားရတာကို ပိုမို နှစ်သက်တယ်လို့ ကျွန်တော် ထင်မိပြီး အန်သိုနီရဲ့ ဒဏ်ရာ မှတ်တမ်းကလည်း သိပ်ပြီးတော့ မကောင်းလှပါဘူး။ ဇန်နဝါရီဟာ ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့ အတွက် တအား စောကောင်းစောနိုင်ပါတယ်။ သူတို့ဟာ လာမည့် နွေရာသီမှာ ဒီနေရာအတွက် အားဖြည့်သွားမယ့်သူကို ရှာဖွေနေနိုင်ပါတယ်။ ဒါပေမယ့် စျေးကွက်ထဲမှာ ကစားသမားတွေ ရှိနေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ပီအက်စ်ဗီက ကောင်လေး ဂတ်ပိုဟာ ကမ္ဘာ့ဖလားမှာ နယ်သာလန် အတွက် ခြေစွမ်းပြနေပါတယ်။ သူ့ကို အရင်ကတည်းက တန်းဟတ်က စိတ်၀င်စားနေလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ တိုက်စစ်နေရာအတွက် ခေါ်ယူနိုင်တဲ့ ကစားသမားတွေ ရှိနေတယ် ဆိုတာတော့ သေချာပါတယ်။ ဇန်နဝါရီဟာ အပြောင်းအရွေ့ လုပ်ဖို့ အတွက် ခက်ခဲတဲ့ ကာလ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ဒီကာလမှာ မန်ယူနိုက်တက်တို့ တိုက်စစ်မှုးသစ် တစ်ဦးကို ခေါ်ယူသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်။” လို့ ဆိုလိုက်ပါတယ်။

ရော်နယ်ဒို ထွက်ခွာသွားခဲ့မှုနဲ့ ပက်သက်ပြီး စခိုးလ်က “ကျွန်တော်ကတော့ ဒါဟာ မှန်ကန်တဲ့ အချိန်လို့ ထင်ပါတယ်။ ဒီလိုမျိုး Stress တွေနဲ့ မဟုတ်ဘဲ ကျွန်တော်တို့ ဆုံးဖြတ်ချက် ချသွားလို့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ပြောနေတာဟာ ကမ္ဘာပေါ်က အကြီးကြယ်ဆုံး ကလပ် ဖြစ်ပြီး သူကလည်း အကြီးကြယ်ဆုံးလို့ ဆိုနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒ့ါကြောင့် နှစ်ဘက်စလုံးကို အထူး အာရုံစိုက်ပြောဆိုမှုတွေ ရှိနေမှာပါ။

ပြန်ကြည့်လိုက်မယ်ဆိုရင် ဒါဟာ နှစ်ဘက်စလုံးအတွက် ကောင်းတဲ့ အရာပါ။ တန်းဟတ်ကလည်း ပျော်နေပါလိမ့်မယ်။ ဒါဟာ သူ့ကို အသက်ရှုချောင်သွားစေမှာပါ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ ရင်ဆိုင်ဖြေရှင်းစရာ စူပါစတား ကစားသမား အသင်းမှာ မရှိတော့လို့ပါ။ သူပိုင်ဆိုင်တဲ့ ကစားသမားတွေ အပေါ် သူ အာရုံကောင်းကောင်း စိုက်သွားနိုင်ပါပြီ။” လို့ ဆိုလိုက်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments