ရီးယဲလ်မက်ဒရစ်အသင်းနည်းပြ အန်ဆယ်လော့တီသည် အသင်း၏ဂျာမနီလက်ရွေးစင်နောက်ခံလူ ရူဒီဂါ၏ စွမ်းဆောင်ရည်မှတ်တမ်းအပေါ် မပျော်မရွှင်ဖြစ်နေကြောင်းသိရသည်။

အန်ဆယ်လော့တီသည် ဗီလာရီးယဲလ်အသင်းအား ရှုံးနိမ့်ခဲ့သော လာလီဂါပွဲစဉ်မှ အသင်း၏ခံစစ်ကစားပုံအားဒေါသထွက်လျက်ရှိနေပြီး အထူးသဖြင့် ရူဒီဂါ၏ အားနည်းချက်များအပေါ် စိတ်ပျက်လက်ရှိနေခြင်းဖြစ်ကြောင်းသိရသည်။
အသက် (၂၉)နှစ်အရွယ်ရှိ ဂျာမန်ဝါရင့်နောက်ခံလူ ရူဒီဂါသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့က ချယ်လ်ဆီးအသင်းမှ ရီးယဲလ်အသင်းသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး စပိန်မြေတွင် ပုံမှန်ခြေစွမ်းပြရန် ရုန်းကန်နေရသူဖြစ်သည်။

ထို့ကြောင့် ရီးယဲလ်အသင်းအနေဖြင့် လာမည့်နွေရာသီအပြောင်းအရွှေ့တွင် လိုက်ပ်ဇစ်အသင်းမှ ခရိုအေးရှားနောက်ခံလူ ဂီဗာဒီယိုလ် (၂၀ နှစ်)အား ခေါ်ယူရန် စီစဉ်နေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။






