Wednesday, March 11, 2026
spot_img
spot_img

ရီးရဲလ်အသင်းထံပြောင်းရွှေ့ဖို့နဲ့ပတ်သက်ပြီး တုံ့ပြန်လိုက်တဲ့ ဗန်ဒိုက်

လီဗာပူးအသင်းနောက်ခံလူ ဗန်ဒိုက်က သူ့အနေနဲ့ လက်ရှိမှာအသင်းအတွက်ပဲ အာရုံစိုက်ထားပြီး ရီးရဲလ်အသင်းထံပြောင်းဖို့တော့ လမ်းဖွင့်ထားတယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်သားဟာ မနေ့ညက ရီးရဲလ်ကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲမှာ လီဗာပူးနောက်တန်းကို ပေးဂိုးမပေးရအောင် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပွဲအပြီးစပိန်သတင်းထောက်တစ်ယောက်ရဲ့အင်တာဗျူးမှာ ရီးရဲလ်အသင်းပြောင်းနိုင်ချေနဲ့ပတ်သက်လို့ ဖြေကြားခဲ့ပါတယ်။

နယ်သာလန်သား နဲ့ လီဗာပူးအသင်းတို့ကြား စာချုပ်သက်တမ်းအခြေအနေက မသေချာသေးပဲ လက်ရှိစာချုပ်သက်တမ်းက ၂၀၂၅ ဇွန်လ ၃၀ ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

ဘာနေဗျူးထံပြောင်းရွှေ့ရေးနဲ့ပတ်သက်လို့ ဗန်ဒိုက်က လက်ရှိအချိန်မှာ သူ့အနေနဲ့ အဝေးကြီးမစဉ်းစားထားသေးကြောင်း ဖြေကြားခဲ့ပါတယ်။
“တိုက်ရိုက်ကျလွန်းတဲ့မေးခွန်းကြီးပါလား။ အင်္ဂလန်မှာတောင် အဲ့လိုမမေးပါဘူး။ ဒါပေမယ့် နားထောင်ပါ သူငယ်ချင်း။ လက်ရှိမှာ ကျွန်တော်ဘာမှမပြောနိုင်သေးပါဘူး။ အခုလက်ရှိအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်။
ဘာဖြစ်မလဲဆိုတာတော့ မသိနိုင်သေးပါဘူး။ နွေရာသီမှာ အခြေအနေကြည့်ရပါမယ်။ ကျွန်တော် အရင်ကပြောခဲ့သလိုပါပဲ။ လက်ရှိမှာ ကျွန်တော် စီးတီးနဲ့ပွဲအတွက် အာရုံစိုက်နေပါတယ်။

Liverpool defender Virgil van Dijk has said he is focused on the club at the moment and is open to a move to Real Madrid.

အနာဂတ်နဲ့ပတ်သက်ပြီး ကျွန်တော်ဘာမှမပြောချင်နိုင်သေးပါဘူး”လို့ ဗန်ဒိုက်က ဖြေကြားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ ၂၀၁၈ ဇန်နဝါရီတုန်းက အန်ဖီးလ်ကိုပြောင်းလာခဲ့တာဖြစ်ပြီး အဲ့ကတည်းက ပရီးမီးယားလိဂ်အကောင်းဆုံးနောက်ခံလူတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
ရီးရဲလ်အသင်းဟာ လာမယ့်နွေမှာ လီဗာပူးစတားတစ်ဦးဖြစ်တဲ့ အာနိုးလ်ကိုလည်း စိတ်ဝင်စားနေပြီး ဗန်ဒိုက်အပြင် စာချုပ်သက်တမ်းကုန်ဆုံးမယ့် အာနိုးလ်ကိုပါ ခေါ်ယူဖွယ်ရှိနေပါတယ်။

အခြားတစ်ဖက်မှာလည်း ဆာလက်ပါ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ကာ စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ရင် အကုန်လုံးကို အလွတ်နဲ့ထွက်ခွာခွင့်ပေးရတော့မှာဖြစ်ပါတယ်။

ဗန်ဒိုက် နဲ့ အာနိုးလ်တို့က အသင်းမှာဆက်နေဖို့ မသေချာသေးပေမယ့် ဆာလက်ကတော့ ဆက်နေဖို့များနေပါတယ်။

“ကျွန်တော်တို့ ဒီဇင်ဘာကို ရောက်ပါတော့မယ်။ အသင်းဘက်က ဘာကမ်းလှမ်းမှုမှ လက်ခံမရသေးပါဘူး။ ကျွန်တော် အသင်းမှာဆက်နေချင်ပါတယ်။ ဒီအသင်းမှာ နှစ်အတော်ကြာရှိနေခဲ့တာပါ။

ဒါပေမယ့် အနာဂတ်အနေအထားက ကျွန်တော့်လက်ထဲမှာမရှိပါဘူး။ ကျွန်တော် အရင်ကပြောခဲ့သလိုပါပဲ။ ဘာကမ်းလှမ်းမှုမှမရသေးပါဘူး”လို့ ဆာလက်က ဖြေကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments