Saturday, February 7, 2026
spot_img
spot_img

ရီးရဲယ်နဲ့ ပွဲမတိုင်မီ နူးနက်ရဲ့ injury update နဲ့ ၁၀ ယောက်ကျန် နယူးကာဆယ်ကို ခြေမသာခဲ့တဲ့ အကြောင်းရင်းကို ပြောပြလိုက်တဲ့ ကလော့

ယာဂန်ကလော့က ဒါဝင်နူးနက်ဟာ နယူးကာဆယ်နဲ့ ပွဲစဉ်မှာ အတော်လေး နာကျင်ရတဲ့ ပခုံးဒဏ်ရာကို ရရှိသွားခဲ့တယ်လို့ ဆိုလိုက်ပေမယ့် ဥရုဂွေးတိုက်စစ်မှုးရဲ့ ဒဏ်ရာ အတိမ်အနက် ကိုတော့ အတိအကျ မသိရသေးဘူးလို့ ဆိုလိုက်ပါတယ် ။ နူးနက်ဟာ လီဗာပူးတို့ ၂-၀ နဲ့ ဦးဆောင် ကစားနေတဲ့ ဒုတိယပိုင်း ပွဲချိန်တဝက်လောက်မှာ ထရစ်ပီးယားရဲ့ challenge ကြောင့် ပခုံးဒဏ်ရာ ရသွားခဲ့တာ ဖြစ်ပြီး သိပ်မကြာခင် လူစားလဲထိုးခဲ့ရပါတယ်။

ဥရုဂွေးစတားဟာ စိန့်ဂျိမ်းပက်မှာ လီဗာပူး အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့သူ ဖြစ်ပြီး the Reds တို့ရဲ့ တိုက်စစ်ပိုင်းအတွက် အထူး အရေးပါသူ ဖြစ်တာကြောင့် ဒါဟာ ရီးရဲယ်မက်ဒရစ် နဲ့ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်မီ စိုးရိမ်စရာ အခြေအနေ ဖြစ်ပါတယ်။ လီဗာပူး ပရိတ်သတ်တွေကတော့ နူးနက် အနေနဲ့ လျှင်မြန်စွာ recover လုပ်နိုင်ကာ ရီးရဲယ်မက်ဒရစ်နဲ့ ပထမအကျော့ကို ဝင်ကစားနိုင်ရန် မျှော်လင့်နေပေမယိ့လည်း ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ကလော့ဟာ ဒါဝင်နူးနက်ရဲ့ ဒဏ်ရာ အခြေအနေကို အတိအကျ မသိသေးတဲ့ပုံပါပဲ။

ယာဂန်ကလော့က “ဒါဝင်နူးနက်ဟာ သူ့ရဲ့ ပခုံးမှာ ဒဏ်ရာရရှိသွားခဲ့တာပါ။ ကျနော်တို့ စောင့်ကြည့်သွားရပါမယ်။ ဒဏ်ရာ ရခဲ့တဲ့ အခြေအနေမှာ ဒိုင်လူကြီးဟာ challenge လုပ်ခဲ့တဲ့ သူတို့ဘက်ကို ဘာလို့များ ဖရီးကစ်ပေးခဲ့သလဲဆိုတာ ကျနော် နားမလည်နိုင်ပါဘူး။ ဒါပေမယ့်လည်း နောကိဆုံးမှာတော့ သူဟာ ပခုံးဒဏ်ရာနဲ့ လူစားလဲခံလိုက်ရပါတယ်။ ကျနော်တို့‌ နောက်ထပ် စစ်ဆေးမှုတွေ လုပ်သွားဖို့ လိုအပ်ပါတယ်။ အခုချိန်မှာတော့ ကျနော် အခြေအနေ အတိအကျကို မသိသေးပါဘူး။ ဒီအချိန်မှာ သူဟာ နာကျင်မှုကို ခံစားနေရပါတယ်။ ရိုးရိုး နာကျင်တာထက် မပိုဖို့တော့ ကျနော် မျှော်လင့်နေပါတယ်။” လို့ပြောသွားပါတယ်။

ရီးရဲယ်မက်ဒရစ် နဲ့ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်ဟာ နောက် ၃ ရက် အကြာမှာ ကစားရမှာ ဖြစ်တာကြောင့် ဒါဝင်နူးနက် အနေနဲ့ အဆိုပါ ပွဲစဉ်ကို ဝင်ရောက် ကစားနိုင်ရန် အခွင့်အရေးက နည်းပါးနေပါတယ်။ ဒီယိုဂိုဂျိုတာ နဲ့ ဖာမီနို တို့ဟာ နယူးကာဆယ်နဲ့ ပွဲစဉ်ရဲ့ ဒုတိယပိုင်းမှာ ဝင်ရောက်ကစားခဲ့ကြပေမယ့် ကစားသမား။ နှစ်ဦးစလုံးဟာ ကာလရှည် ဒဏ်ရာကနေ ပြန်လာသူတွေ ဖြစ်တာကြောင့် match fitness တော့ လိုအပ်‌နေကြပါတယ်။

ဆက်လက်ပြီး ကလော့က မနေ့ညက နယူးကာဆယ်ကို နိုင်ခဲ့ခြင်းဟာ သူတို့အတွက် တကယ့်ကို အရေးပါတဲ့ နိုင်ပွဲ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။

ယာဂန်ကလော့က “နယူးကာဆယ်ရဲ့ တာထွက်က ဘယ်လောက်တောင် intense ဖြစ်သလဲဆိုတာ ကျနော်တို့ သိထားပြီးသားပါ။ အထူးသဖြင့် အိမ်ကွင်းမှာ သူတို့ ဘယ်လိုမျိုး တာထွက်ချင်သလဲဆိုတာ သိထားပြီးသားပါ။ ကျနော်တို့ အဆင်သင့် ဖြစ်နေဖို့ လိုအပ်ခဲ့ပါတယ်။ အစောပိုင်းမှာ အနည်းငယ် ခက်ခဲနေပေမယ့် ပွဲကို ထိန်းချုပ်လာနိုင်တာနဲ့ တပြိုင်နက် ကျနော်တို့ အရမ်းကောင်းတဲ့ ဂိုးတွေ သွင်းယူနိုင်ခဲ့ပါတယ်။ အဲဒီနောက် လျှင်မြန်တဲ့ restart ကနေ တတိယဂိုးရရန် နီးစပ်ခဲ့ပေမယ့် နစ်ပုတ် လက်နဲ့ ထိသွားခဲ့တယ်လို့ ထင်ပါတယ်။

ဘာပဲဖြစ်ဖြစ် ဒါဟာ အနီကတ်ပါ။ ကျနော်ကတော့ ဂိုးပဲ ပိုလိုချင်ပါတယ်။ အကယ်၍ မိုဆာလားသာ ဒီနေရာမှာ ဘောလုံး ရသွားခဲ့မယ်ဆိုရင် ကျနော်တို့ ဂိုးရနိုင်ခြေ ရှိနေပါတယ်။ ဒီအနီကတ် ပြီးနောက် ကျနော်တို့ ရစ်သမ် အနည်းငယ် ပျောက်ဆုံးသွားပါတယ်။ set-piece တွေ အများကြီး ပေးခဲ့ရတာကြောင့်လည်း ဖြစ်ပါတယ်။ set-piece တွေမှာ 11v10 သာ ဘာအားသာချက်မှ မရှိပါဘူး။ ကျနော်တို့ အများကြီးကို ပေးခဲ့မိပါတယ်။ ဒါပေမယ့် ကျနော်တို့လည်း ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရခဲ့ပါတယ်။

ကျနော်တို့ တတိယဂိုး စတုတ္ထဂိုးတွေ ရရန် နီးစပ်ခဲ့ပေမယ့် ဒီလို မလုပ်နိုင်ခဲ့ပါဘူး။ ပထမတစ်ခုက ကံမကောင်းတာပါ။ နောက်တခုကတော့ ကျနော် နားလည်လို့ မရ‌သေးပါဘူး။ ဆာလားအတွက် ကောင်းမွန်တဲ့ ပေးပို့မှု လုပ်ခဲ့ပေမယ့် သူလဲကျသွားခဲ့ပါတယ်။ ကျနော် ဒါကို ပြန်မကြည့်ရသေးပေမယ့် ဒါဟာ ပင်နယ်တီလို့ ထင်ပါတယ်။ ကျနော်တို့ တတိယဂိုး မသွင်းနိုင်ခဲ့ဘဲ ပွဲကို ဆက်လက် စိတ်လှုပ်ရှားစေခဲ့ပါတယ်။ နယူးကာဆယ်ကိုတော့ ချီးကျူးပါတယ်။ သူတို့ဟာ အပြင်းအထန် တိုက်ပွဲဝင်သွားခဲ့ပါတယ်။ ဒါ့ကြောင့်လည်း ပွဲဟာ နောက်ဆုံး အချိန်ထိ စိတ်လှုပ်ရှားစရာ ကောင်းနေခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ ၃ မှတ် ရခဲ့ပါတယ်။ ကျနော်တို့ ဒီအတွက် တအား ပျော်ရွှင်နေပါတယ်။” လို့ပြောသွားပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments