Wednesday, February 11, 2026
spot_img
spot_img

ရီးရဲကို ပြောင်းမယ်ဆိုတဲ့ ဘယ်လင်ဂမ် ဒူးဒဏ်ရာကို ခွဲစိတ်ကုသခံရဖွယ်ရှိနေ

အင်္ဂလန်အသင်း၏ ဇွန်လအတွင်းကစားရမည့် ယူရို ၂၀၂၄ ခြေစစ်ပွဲ ပွဲစဉ်များကို အသင်း၏ကွင်းလယ် ကစားသမား ဘယ်လင်ဂမ်သည် လွဲချော်ဖွယ်ရှိနေသည်။ အင်္ဂလန်ကွင်းလယ်လူသည် ဒူးဒဏ်ရာကြောင့် အဆိုပါပွဲစဉ်များကို လွဲချော်ရခြင်းဖြစ်ပြီး အဆိုပါ ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရဖွယ်ရှိကြောင်းလည်း သတင်းများထွက်နေသည်။

အသက် ၁၉ နှစ်အရွယ်ရှိ ဘယ်လင်ဂမ်သည် ဂျာမန်ဘွန်ဒက်စ်လိဂါတွင် ခြေစွမ်းပြနေသည်။ ဘယ်လင်ဂမ်သည် လက်ရှိဘောလုံးရာသီအတွက် ဘွန်ဒက်စ်လီဂါ အကောင်းဆုံးဘောလုံးသမားဆုကို ရရှိထားသလို ဒေါ့မွန်ကို ဘွန်ဒက်စ်လီဂါချန်ပီယံဆုဖလားနှင့် အနီးစပ်ဆုံးအနေအထားအထိ ရောက်ရှိရန် အကောင်းဆုံးကူညီပေးနိုင်ခဲ့သည်။

ဒေါ့မွန်သည် ပြီးခဲ့သည့်စနေနေ့တွင် မိန့်ဇ်နှင့် ၂ ဂိုးစီသရေကျပြီးနောက် အမှတ်ပေးချန်ပီယံဆုကို ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ်တွင်မှ လက်လွှတ်ခဲ့ရသည်။ ဘိုင်ယန်သည် ဒေါ့မွန်နှင့် အမှတ်တူ ဂိုးကွာခြင်းချက်အသာဖြင့် ဂျာမန်အမှတ်ပေးချန်ပီယံဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ ဒေါ့မွန်အတွက် အသည်ကွဲခဲ့ရသောအဆိုပါ ပွဲစဉ်တွင် ဘယ်လင်ဂမ်သည်ပါဝင်ကစားနိုင်ခြင်းမရှိဖြစ်ခဲ့ရသည်။

ဒေါ့မွန်အသင်းနည်းပြချုပ်က ၎င်း၏အသင်းခေါင်းဆောင်ကို လိုအပ်၍ မိန့်ဇ်နှင့်ပွဲတွင် အနားပေးခဲ့ရခြင်း ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောဆိုလိုက်သည်။ “ဘယ်လင်ဂမ်က ပွဲမစခင်မှာ သူနေရတာမကောင်းကြောင်း သူ့အနေနဲ့ ပွဲထွက်ကစားဖို့ အဆင်သင့်မဖြစ်ဖူးလို့ ယူဆကြောင်း ပြောခဲ့ပါတယ်။ သူက အခုတော့ အရမ်းကို  စိတ်မကောင်းဖြစ်နေတယ်”ဟု ဒေါ့မွန်နည်းပြချုပ် တာဇစ်က ပြောဆိုလိုက်သည်။

ဘယ်လင်ဂမ်သည် အသင်းပြောင်းဖွယ်ရှိကြောင်း ရီးရဲမက်ဒရစ်နှင့် ပုဂ္ဂိုလ်ရေးသဘောတူညီချက်ပင် ရယူထားပြီးဖြစ်ကြောင်းလည်း သတင်းများထွက်ပေါ်နေသည်။ ဒေါ့မွန်သည် ဘယ်လင်ဂမ်၏ တန်ကြေးကို ပေါင် သန်း ၁၃၀ ခန့်သတ်မှတ်ထားပြီး ၎င်းအတွက် မည်သည့်ကမ်းလှမ်းမှုကိုမျှ ရရှိခြင်းမရှိသေးကြောင်းလည်း ထုတ်ဖော်ပြောဆိုထားသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments