Tuesday, January 20, 2026
spot_img
spot_img

ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် တိုနီခရို့စ် သဘောတူညီမှုရရှိ

ရီးယဲလ်မက်ဒရစ်ဝါရင့်ကွင်းလယ်ကစားသမား တိုနီခရို့စ်သည် အသင်းနှင့်စာချုပ် သက်တမ်းတိုးရန် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ 

ရီးယဲလ်မက်ဒရစ်အ သင်းနှင့် ချုပ်ဆိုထားသည့် ဂျာမနီလက်ရွေး စင်ကစားသမား တိုနီခရို့စ်၏ လက်ရှိစာချုပ် မှာ ယခုရာသီကုန်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။ 

ယခုအခါ ကစားသမားအ ပြောင်းအရွှေ့စျေးကွက်ကျွမ်းကျင်သူ ဖာဘရီဇီယိုရိုမာနိုက တိုနီခရို့စ်သည် ရီးယဲလ်မက်ဒရစ်အသင်းနှင့် တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 

ထို့ကြောင့် တိုနီခရို့စ်သည် ရီးယဲလ်မက်ဒရစ်အသင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ ၃၀ ရက်အထိ ရှိနေရတော့မည် ဖြစ်သည်။ 

အသက် ၃၄ နှစ်အရွယ်ရှိ တိုနီခရို့စ် သည် ယခုရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းအတွက် အဓိကကစားသမားအဖြစ် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၃၈ ပွဲအထိ ပါဝင်ကစားပေးထားသည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments