Tuesday, January 13, 2026
spot_img
spot_img

ရီးယဲလ်ပစ်မှတ် အာနိုးလ်အား ရောင်းထုတ်ရန် လီဗာပူးလ်ကို အသင်းဂန္ထဝင် စတိဗ်နီကိုးလ် တိုက်တွန်း

လီဗာပူးလ်ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်သူ စတိဗ်နီကိုးလ်က ရီးယဲလ်အသင်းက ခေါ်ယူလိုနေသည့် နောက်ခံကစားသမား အာနိုးလ်အား ရောင်းထုတ်ရန် အသင်းဟောင်းကို တိုက်တွန်းပြောကြားခဲ့သည်။

အသက် (၂၅) နှစ်အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမား အာနိုးလ်သည် ၂၀၁၇ တွင် လီဗာပူးလ်အသင်းနှင့် ပရိုကစားသမားဘဝကို စတင်ခဲ့သူဖြစ်ပြီး လက်ရှိကမ္ဘာ့အကောင်းဆုံးညာနောက်ခံလူများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံရသူ ဖြစ်သည်။

အာနိုးလ်သည် ကလော့ပ်လက်ထက် လီဗာပူးလ်အသင်း၏ အောင်မြင်မှုများတွင် အဓိကကျသူဖြစ်ပြီး အသင်းအကယ်ဒမီထွက် ကစားသမားလည်းဖြစ်သဖြင့် ပရိသတ်များ၏ချစ်ခင်ရင်းနှီးမှုကိုပါ ရရှိထားသူဖြစ်သည်။ 

အာနိုးလ်သည် ၂၀၂၅ တွင် လီဗာပူးလ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ယခုအခါ ၎င်းကို ခေါ်ယူရန် ရီးယဲလ်အသင်းက စိတ်ဝင်စားနေကြောင်း သိရသည်။ စတိဗ်နီကိုးလ်က “အာနိုးလ်က အရမ်းကောင်းတဲ့ နောက်ခံကစားသမား မဟုတ်ပါဘူး။ ဘရက်ဒလေလို ကစားသမားမျိုး ရှိနေတာကြောင့် ရီးယဲလ်ကသာ ပေါင်သန်း (၇၀)၊ ပေါင်သန်း (၈၀)လောက် နဲ့ အာနိုးလ်ကို ကမ်းလှမ်းမယ်ဆိုရင် လီဗာပူးလ်အနေနဲ့ သူ့ကို ရောင်းသင့် ပါတယ်။ ဘရက်ဒလေက အာနိုးလ်ထက်ပိုကောင်းသလို၊ အာနိုးလ်တန်းလည်း ရှိသူပါ”ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments