ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်အသင်း၏ ပြင်သစ်ကြယ်ပွင့်ကွင်းလယ်လူ ကာမာဗင်ဂါအားခေါ်ယူရန် ပစ်မှတ်ထားနေကြောင်း စပိန်အားကစားသတင်းစာ Marca ကဖော်ပြခဲ့သည်။

အသက် (၂၀)နှစ် အရွယ်ရှိ ကာမာဗင်ဂါသည် ၂၀၂၁ နွေရာသီအပြောင်းအရွှေ့ကာလက ရီးယဲလ်အသင်းထံရောက်ရှိလာသူဖြစ်ပြီး အသင်းနှင့် ပထမရာသီတွင် ပုံမှန်ပွဲကစားခွင့် ရရှိခဲ့သော်လည်း ယခုရာသီတွင်မူ ခြေစွမ်းယိမ်းယိုင်မှုအပြင် ပုံမှန်ပွဲထွက်ခွင့်ပါ ပျောက်ဆုံးနေသည့်အတွက် အပြောင်းအရွှေ့သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ကာမာဗင်ဂါကို အာဆင်နယ်နှင့် ချယ်လ်ဆီးတို့ကလည်း အငှားခေါ်ယူရန် စိတ်ဝင်စားခဲ့ကြသည်။
သို့သော် ရီးယဲလ်အသင်းက ဇန်နဝါရီအပြောင်းအရွှေ့ကာလအတွင်း အသင်းမှ ထွက်ခွာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။






