Thursday, January 15, 2026
spot_img
spot_img

ရိုးမားကို တာဝန်ယူပေးဖို့ အန်ဆယ်လော့တီကို မဆက်သွယ်ခဲ့ပါဘူးလို့ ပြောကြားလိုက်တဲ့ ရာနီရေးရီ

ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီကို အသင်းကနေ သူထွက်ခွာပြီးနောက် ရိုးမားကို တာဝန်ယူပေးဖို့ ဆက်သွယ်ခဲ့တယ်ဆိုတာကို ရိုးမားနည်းပြ ရာနီရေးရီက ငြင်းဆိုထားပါတယ်။ ၂၀၂၄-၂၅ ရာသီအစ ရလဒ်ဆိုးများကြောင့် စီးရီးအေကလပ်ဟာ အိုင်ဗန်ဂျူရစ်ကို ထုတ်ပယ်ပြီးနောက် နိုဝင်ဘာလတွင် အနားယူသွားခဲ့တဲ့ ရာနီရေးရီဟာ ရိုးမားသို့ ပြန်လာခဲ့ပါတယ်။ လက်စတာစီးတီးနည်းပြဟောင်းဟာ ခြေစွမ်းကျဆင်းနေတဲ့အသင်းကို တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပါတယ်။ သို့သော်လည်း ရာနီရေးရီဟာ လက်ရှိအလုပ်တွင် အကြာကြီးနေရန် အစီအစဉ်မရှိပါဘူး။

ဒါကြောင့် ရိုးမားဟာ လာမယ့်ရာသီအတွက် နည်းပြသစ်တစ်ဦးကို ရှာဖွေနေဖွယ်ရှိပြီး ဒီဇင်ဘာလတွင် ထွက်ပေါ်နေတဲ့သတင်းတွေအရ အီတလီသို့ပြောင်းကာ ရိုးမားအား လွှဲပြောင်းရယူရန်အတွက် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီအား ရာနီရေးရီက ပုဂ္ဂိုလ်ရေးအရခေါ်ယူခဲ့ပါတယ်။ ဒါပေမယ့် ရာနီရေးရီကတော့ ဒီကိစ္စကို ငြင်းဆိုထားပါတယ်။

အန်ဆယ်လော့တီကို ဆက်သွယ်တဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ ရာနီရေရီက “နောက်ရာသီကစလို့ ရိုးမားအသင်းနည်းပြဖြစ်လာဖို့ အန်ဆယ်လော့တီကို ခေါ်ခဲ့ပါတယ်ဆိုတဲ့ သတင်းတွေအားလုံးက မမှန်ပါဘူး။ ဒီသတင်းတွေက ကျယ်ပြန့်ကိုထွက်နေတာပါ” လို့ ဖြေပါတယ်။ ရာနီရေးရီရဲ့ ရိုးမားအသင်းဟာ တနင်္ဂနွေနေ့မှာ Stadio Olimpico တွင် ခါးသီးတဲ့ပြိုင်ဘက် လာဇီယိုနှင့် ကစားမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments