Monday, February 9, 2026
spot_img
spot_img

ရိုက်စ် ၊ ဟာဗက်ဇ် နှင့် အော်ဒီဂတ် တို့ ကွင်းလယ် ၃ ယောက် အတွဲညီဖို့ အချိန်ယူရမယ်လို့ ဆိုလာတဲ့ အာတီတာ

အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ ဒီကနေ့ မနက် မန်ယူနိုက်တက် နဲ့ ခြေစမ်းပွဲမှာ ဒက်ကလန်ရိုက်စ် ၊ ဟာဗက်ဇ် နှင့် မာတင် အော်ဒီဂတ် တို့ကို ပထမဆုံး အကြိမ် အတူတကွ တွဲဖက် အသုံးပြု ခဲ့ပါတယ် ။ ဒါပေမဲ့လည်း သူတို့ ၃ ဦးကြားမှာ နားလည်မှု အချိတ်အဆက်တွေ အားနည်း နေခဲ့ပြီး အာဆင်နယ် အသင်းရဲ့ကစားဟန်မျိုး ပျောက်ဆုံး နေခဲ့ပါတယ် ။

အာဆင်နယ် အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာစီး နဲ့ ကစားခဲ့ရပေမယ့် ထိရောက်တဲ့ တိုက်စစ်ဆင်မှု ၊ အခွင့်အရေး ဖန်တီးနိုင်မှု နည်းပါးခဲ့ပြီး ရလာတဲ့ အခွင့်အရေးတွေကိုလည်း ဖြုန်းတီး ပစ်ခဲ့ပါတယ် ။ ပေးလိုက်ရတဲ့ သွင်းဂိုးတွေ နဲ့ ရမ်စ်ဒေးလ် နှင့် ဂါဘရီရယ် တို့ရဲ့ အားနည်းမှု အမှားတွေကနေ ပေးလိုက် ရတာပါ ။

အာဆင်နယ် နည်းပြ အာတီတာ ကတော့ ရိုက်စ် ၊ ဟာဗက်ဇ် နှင့် အော်ဒီဂတ် တို့ ကွင်းလယ် ၃ ယောက် အတွဲညီဖို့ အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြား သွားခဲ့ပါတယ် ။” သူတို့ သုံးဦး အတူတကွ ၅၅ ကြိမ် လောက် ကစားရရင် ပိုပြီး ကောင်းလာပါလိမ့်မယ် ။ အတူတကွ တွဲကစားတဲ့ ပွဲများလာရင် သူတို့ ကြားမှာ ဘောလုံး စီးဆင်းမှု ပိုကောင်းလာမယ် ၊ နားလည်မှု ပိုရှိလာမယ် ၊ ပြိုင်ဘက် ကို ပိုလွှမ်းမိုး ကစား နိုင်မယ် ၊ ပိုကောင်းအောင် ကစားနိုင်လာပါလိမ့်မယ် ။ ”

” ဒါပေမဲ့ ဒီလို ဖြစ်လာဖို့ ဆိုရင် အချိန် ယူရဦးမှာပါ ၊ သူတို့ကို အချိန်ပေးဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ သိဖို့ လိုအပ်ပါတယ် ၊ ဒါပေမဲ့ အပေါင်း လက္ခဏာဆောင်တဲ့ အရာတွေ အများကြီး တွေ့မြင် ခဲ့ရပါတယ် ၊ ဒါ့အပြင် အနိုင်ရခဲ့တဲ့ MLS နဲ့ ခြေစမ်းပွဲမှာတုန်းကထက် ပိုပြီး သဘောကျ ကြိုက်နှစ်ခဲ့တဲ့ အရာတွေ ရှိခဲ့ပါတယ် ၊ ရလဒ်က လုံးဝ ကွဲပြား ခြားနား ခဲ့တယ် ဆိုပေမယ့်ပေါ့ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments