Tuesday, January 13, 2026
spot_img
spot_img

ရာသီအကဲဖြတ်မှုတွင် မယုံနိုင်ဖွယ် အနိုင်ရသည့် စိတ်ဓာတ်ကို ဖာနန်ဒက်စ် သက်သေပြခဲ့

မန်ယူအသင်း၏ ရာသီသည် အနည်းဆုံး ဆုဖလားတစ်ခုနှင့် ချန်ပီယံလိဂ်ဝင်ခွင့်တိုကို ရယူနိုင်သော်လည်း မန်ယူ၏ ရာသီကို ‘အောင်မြင်မှု’ ဟု ယူဆနိုင်သည်ဟု ဘရူနို ဖာနန်ဒက်စ် က မယူဆကြောင်း သိရပါသည်။

မန်ယူကွင်းလယ်လူသည် ကာရာဘောင်း ဖလား ကိုင်မြှောက်ရေးနှင့် နောက်လ ကစား ရမည့် ပြိုင်ဘက် မန်စီးတီးအသင်း နှင့် အက်ဖ်အေဖလား ဖိုင်နယ်ပွဲစဉ်များမှာ ပါဝင်ခဲ့ပြီး သရဲနီတို၏ ရာသီမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။

အသက် ၂၈ နှစ်ရှိ ဖာနန်ဒက်စ်သည် ပွဲကစားစဉ်အတွင်း ဟယ်ရီမက်ဂွိင်းယား၏ နေရာတွင် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခြင်းခံရကာ ဖာနန်ဒက်စ်က သူသည် ထိုနေရာနှင့်ထိုက်တန်ကြောင်း အကြိမ်ကြိမ် သက်သေပြခဲ့သည်။

ပြီးတော့ ပေါ်တူဂီလက်ရွေးစင်က စံနမူနာပြပြီး ဦးဆောင်ခဲ့သည်မှာ ကွင်းထဲမှာတင် မဟုတ်ပါဘူး။ ထိုအပြင် ဖာနန်ဒက်စ်သည် အားကစား၏ အထွတ်အထိပ်သို ပြန်လည်ရောက်ရှိလိုသည့် အသင်း၏ ဆန္ဒကိုလည်း အဆက်မပြတ် ထပ်မံအတည်ပြုခဲ့သည်။

မန်ယူပရိသတ်များသိကြသည့်အတိုင်း လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ပါဝင်ကစားရန် လိုအပ်နေသေးသော်လည်း ယခုအခါ နောက်တစ်ဆင့်သိုတက်လှမ်းနိုင်ရန် နည်းပြအဲရစ်တန်ဟက်ဂ် က နွေရာသီအပြောင်းအရွှေ့ကာလတွင် မည်သည့်ကစားသမားများအား ခေါ်ယူရမည်ကို စီမံရမည်ဖြစ်သည်။

လတ်တလော ပျံ့နှံနေသော သတင်းများအရ နယ်သာလန်နည်းပြ၏ ခေါ်ယူလိုသူစာရင်း၌ ထိပ်ဆုံးက ကစားသမားနှစ်ဦးကတော့ တော့တင်ဟမ်ဟော့စပါးမှ ဟယ်ရီကိန်းနှင့် ချဲလ်ဆီးအသင်းမှ မေဆင်မောင့်တို ဖြစ်ကြောင်း သိရပါသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments