Thursday, January 22, 2026
spot_img
spot_img

ရာဖင်ဟာနဲ့ ဂက်ပိုတို့ကို ကျော်ပြီး အန်တိုနီကိုသာ ယူနိုက်တက်ဆီ ခေါ်ခဲ့တဲ့ တန်ဟက်ဂ်

မန်ချက်စတာ ယူနိုက်တက် နည်းပြဟောင်းကြီး အဲရစ် တန်ဟက်ဂ်က ယူနိုက်တက်ကို စတင် ကိုင်တွယ်ခဲ့ချ်ိန်မှာ တောင်ပံတိုက်စစ်နေရာအတွက် ရာဖင်ဟာနဲ့ ဂက်ပိုတို့ကို ကျော်ဖြတ်ပြီး သူနဲ့ အသင်းဟောင်း အေဂျက်စ်မှာ တွဲဖက်ခဲ့ဖူးသူ အန်တိုနီကိုသာ ခေါ်ယူခဲ့တာဖြစ်တယ်လို့ The Athletic ကနေ ဖော်ပြလာခဲ့ပါတယ်။

၂၀၂၂ခုနှစ်နွေမှာ ယူနိုက်တက်က အသင်းဆီ ဒုတိယအကြိမ် ပြန်ရောက်နေတဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အသင်းမှာ ဘယ်ေ်လာက်အထိ ဆက်ရှိနိုင်မလဲဆိုတာ မသေချာတော့တဲ့အတွက် တိုက်စစ်ကစားသမားသစ်တစ်ဦး ခေါ်ယူအားဖြည့်ဖို့ စီစဉ်လာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အဲ့ဒီအချိန်မှာ ယူနိုက်တက်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားတဲ့ လိဒ်စ်အသင်းရဲ့ ဘရာဇီးလ် တောင်ပံကစားသမား ရာဖင်ဟာကို အသင်းဆီ ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေတဲ့ PSV နဲ့အတူ တောက်ပနေတဲ့ နယ်သာလန် တိုက်စစ်ကစားသမားလေး ဂက်ပိုကိုလည်း အသင်းရဲ့ ရေဒါထဲမှာ ထည့်သွားထားတာ ဖြစ်ပါတယ်။

Former Manchester United coach Eric Ten Hag chose former Ajax teammate Anthony Martial when he first coached Manchester United

ဒါပေမယ့် အေဂျက်စ်ကနေ ယူနိုက်တက်ဆီ ရောက်လာခဲ့တဲ့ နယ်သာလန်လူမျိုး နည်းပြတန်ဟက်ဂ်က တောင်ပံတိုက်စစ်နေရာအတွက် အေဂျက်စ်က အန်တိုနီကိုသာ ပြောင်းရွှေ့ကြေး ပေါင်(၈၅)သန်းအထိ အသုံးပြုပြီး ခေါ်ယူခဲ့သလို အခုဆိုရင် အန်တိုနီဟာ ယူနိုက်တက်မှာ ကစားခွင့်မရလို့ ဘက်တစ်အသင်းဆီ အငှားချခံလိုက်ရပြီပဲ ဖြစ်ပါတယ်။

လီဆန်ဒရို မာတီနက်ဇ်နဲ့အတူ အေဂျက်စ်ကနေ မန်ချက်စတာဆီ ရောက်လာခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက်အတွက် (၉၆)ပွဲကစား (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့ရင်း ဘက်တစ်မှာ ရာသီဝက် အငှားနဲ့ သွားကစားနေချိန် သူနဲ့ တစ်နိုင်ငံတည်းသား ရာဖင်ဟာကတော့ ဒီရာသီထဲ (၂၂)ဂိုးအထိတောင် သွင်းယူထားပြီး (၁၁)ဂိုးဖန်တီးထားကာ ဘာလွန်းဒေါဆုရှင် ဖြစ်လာဖို့တောင် ရေပန်းစားနေပါတယ်။

ဂက်ပိုဆိုရင်လည်း PSV ကနေ လီဗာပူးလ်အသင်းဆီသာ ပြောင်းရွှေ့ခဲ့ပြီး လီဗာပူးလ်အတွက် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်နေရသလို ဒီရာသီမှာဆိုရင်လည်း အသင်းအတွက် ပြိုင်ပွဲစုံ (၁၄)ဂိုးအထိပါ သွင်းယူပေးထားနိုင်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments