Wednesday, February 11, 2026
spot_img
spot_img

ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးများအပေါ် မှီခိုနေရကြောင်း မန်ယူနည်းပြ အဲရစ်တန်ဟက်ဂ် ဝန်ခံ

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က မိမိတို့ အနေဖြင့် တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်၏ သွင်းဂိုးများအပေါ် မှီခိုနေ ရကြောင်း ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲအပြီးတွင် ဝန်ခံပြောကြားခဲ့သည်။

ပရီးမီးယားလိဂ် ပွဲစဉ် (၂၅) ပွဲကျန်အဖြစ် ဗုဒ္ဓဟူးနေ့ညပိုင်းက မန်ယူနှင့် ဘရန့်ဖို့ဒ်အသင်းတို့ အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ အိမ်ရှင်မန်ယူအသင်းက ပထမပိုင်း (၂၇) မိနစ်တွင် ရပ်ရှ်ဖို့ဒ်သွင်းယူသည့် တစ်လုံးတည်းသောဂိုးဖြင့် နိုင်ပွဲရရှိသည်။ 

အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ် (၂၅ နှစ်) သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ (၁၅) ဂိုးအပါအဝင် ပြိုင်ပွဲစုံတွင် (၂၈) ဂိုးသွင်းယူထားပြီး အသင်း၏ ဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ထို့ပြင် ရှပ်ရှ်ဖို့ဒ်သည် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရီးမီးယားလိဂ်ဂိုး (၁၁) ဂိုးသွင်းယူထားပြီး နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်မန် (၁၂ ဂိုး)ပြီးလျှင် ဥရောပထိပ်တန်းလိဂ် (၅) ခု၌ ဒုတိယဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည်။ 

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ရပ်ရှ်ဖို့ဒ်၏သွင်းဂိုးများအနက် (၁၀)ဂိုးမှာ နိုင်ပွဲရရှိစေမည့် အဆုံးအဖြတ်ဂိုးများဖြစ်ပြီး ၂၀၁၉-၂၀၁၀ ရာသီက ယင်းကဲ့သို့ (၁၀) ဂိုးသွင်းယူခဲ့သည့် ၀ိန်းရွန်နီနောက်ပိုင်း တစ်ရာသီအတွင်း နိုင်ပွဲရရှိစေမည့် ဂိုးအများဆုံးသွင်းယူနိုင်သည့် မန်ယူအသင်းကစားသမားအဖြစ် မှတ်တမ်းဝင်ထားသည်။

ထို့ကြောင့် ဘရန့်ဖို့ဒ်အသင်းနှင့်ပွဲအပြီးတွင် သတင်းထောက်များက မန်ယူအသင်းအနေဖြင့် ရပ်ရှ်ဖို့ဒ်၏သွင်းဂိုးများအပေါ်  မှီခိုနေရသလားဟု မေးမြန်းရာ အဲရစ်တန်ဟက်ဂ်က “ဟုတ်ပါတယ်။ အဲဒါ အမှန်ပါပဲ။ ဒါပေမဲ့ တခြားကစားသမားတွေလည်း ဂိုးကောင်းကောင်းသွင်းယူနိုင်တယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဘရူနိုကလည်း ဂိုးတွေသွင်းနိုင်ပါတယ်။ ဂိုးသွင်းနိုင်တဲ့ကစားသမားတွေ ကျွန်တော်တို့ လူစာရင်းမှာ အများကြီးရှိပါတယ်”ဟု ဖြေကြားခဲ့သည်။

မန်ယူအသင်းသည် ယခုနိုင်ပွဲကြောင့် နယူးကာဆယ်အသင်းနှင့် ပွဲစဉ်တူ၊ ရမှတ်တူ၊ ဂိုးကွာခြားချက်အရ အဆင့် (၄) နေရာ၌သာ ဆက်လက်ရပ်တည်နိုင်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments