Monday, February 9, 2026
spot_img
spot_img

ရှာရစ်ဖ်နှင့်ပွဲ၌ ပထမပိုင်းအပြီးမှာပင် အန်တိုနီကို လူစားလဲခြင်းအတွက် အဲရစ်တန်ဟက်ဂ် ကာကွယ်ခဲ့ပြီး လွဲချော်သည့် လှည့်စားမှုပြုလုပ်ပါက ပြင်ဆင်ပေးရမည်ဟု ဆို

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ရှာရစ်ဖ်အသင်းနှင့်ပွဲ၌ အန်တိုနီအား ပထမပိုင်းအပြီးမှာပင် လူစားလဲခြင်းအတွက် ကာကွယ်ခဲ့ပြီး လွဲချော်သည့် လှည့်စားမှုပြုလုပ်ပါက ပြင်ဆင်ပေးရမည်ဟု ပြောကြားခဲ့သည်။

ကြာသပတေးနေ့ ညပိုင်းက အိုးလ်ထရက်ဖို့ဒ်ကွင်း၌ ယှဉ်ပြိုင်ကစားသည့် ယူရိုပါလိဂ်ပွဲစဉ်တွင် မန်ယူအသင်းက မော်လ်ဒိုဗာကလပ် ရှာရစ်ဖ်အသင်းအား (၃-၀) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဘရာဇီးလ်တောင်ပံကစားသမား အန်တိုနီမှာ ပွဲထွက်ကစားခွင့်ရသော်လည်း ပထမပိုင်းအပြီးမှာပင် လူစားလဲခံခဲ့ရသည်။

အန်တိုနီသည် ဂိုးမရှိသရေကျနေစဉ် ဘောလုံးလက်ခံရယူရာတွင် ဘယ်ခြေထောက်ဖြင့် ထိန်း၍ ၇၂၀ ဒီဂရီ (နှစ်ပတ်) လှည့်၍ တစ်ကိုယ်တော်အစွမ်းပြခဲ့သောကြောင့် ဝေဖန်မှုများ ခံနေရခြင်းဖြစ်သည်။ အန်တိုနီအနေဖြင့် ပြိုင်ဘက်ကစားသမားကို ကျော်ဖြတ်ခြင်းမဟုတ်ဘဲ တစ်ဦးတည်းအစွမ်းပြခဲ့ခြင်းဖြစ်သလို ၎င်းပြန်လည်ပေးပို့သည့် ဘောလုံးမှာလည်း အသင်းဖော် ကက်စီမီရိုထံမရောက်ဘဲ လွဲချော်သွားခဲ့သည်။

၎င်းင်းအား လူစားလဲသည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အဲရစ်တန်ဟက်ဂ်က “လှည့်စားမှုတွေက အလုပ်ဖြစ်နေသရွေ့ ကျွန်တော့် အတွက်တော့ ပြဿနာမရှိပါဘူး။ ကျွန်တော် သူ့ဆီကနေ တောင်းဆိုမှုတွေ ပိုလုပ်ထားတယ်။ နောက်ကပြေးလိုက်တာ၊ ၁၈ ကိုက်စည်းထဲမှာ မကြာခဏ ပိုပြီးကစားတာ လုပ်ဖို့အတွက်ပါ။ လှည့်စားမှုတစ်ခုလုပ်တဲ့အခါ အဲဒါက အလုပ်ဖြစ်ရင်တော့ ကျေနပ်စရာပါပဲ။ ဘောလုံးမဆုံးရှုံးဘူးဆိုရင် အဲဒါက အဆင်ပြေပါတယ်။ ဒါပေမဲ့ လှည့်စားမှုက လွဲချော်သွားရင်တော့ ကျွန်တော် သူ့ကိုပြင်ဆင်ပေးရပါမယ်။ အဲဒါကြောင့် လူစားလဲတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ကြိုတင်စီစဉ်ထား ပြီးသားပါ။ မားကပ်စ်ရပ်ရှ်ဖို့ဒ်နဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒို အနီးကပ်တွဲပြီး ညာခြမ်းမှာ ကစားတာကို ကျွန်တော်ကြည့်ချင်လို့ပါ” ဟု ကာကွယ်ပြောကြားခဲ့သည်။

ယခုနွေရာသီတွင် အေဂျက်စ်အသင်းမှ ပေါင် ၈၆ သန်းဖြင့် ရောက်ရှိလာသူ အန်တိုနီသည် မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ ၁၁ ပွဲ ကစား သုံးဂိုးသွင်းယူပေးထားသည်။ ၎င်း၏ မလိုအပ်ဘဲ အစွမ်းပြမှုကို ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် မန်ယူအသင်း ကွင်းလယ်လူဟောင်း ပေါလ်စခိုးလ်နှင့် အိုဝင်ဟားဂရေ့ဗ်စ်တို့ကလည်း ဝေဖန်ခဲ့ကြသည်။

ပေါလ်စခိုးလ်က တစ်ကိုယ်တော်အစွမ်းနှင့် ဖျော်ဖြေမှုကို သဘောကျသော်လည်း ၎င်း၏လုပ်ရပ်မှာ အသုံးမဝင်ဘဲ လူရွှင်တော်တစ်ဦး နှင့်တူကြောင်း ပြောကြားပြီး ဟားဂရေ့ဗ်စ်ကလည်း တစ်စုံတစ်ဦးကို ကျော်ဖြတ်နိုင်ခြင်းဖြစ်ပါက ထခုန်၍ အားပေးဖြစ်မည်ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments