Thursday, January 15, 2026
spot_img
spot_img

ရက်ရှ်ဖို့ဒ်အပြောင်းအရွှေ့ကိစ္စထက် အာဆင်နယ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က သူဟာ အသင်းကနေထွက်ခွာဖို့သတင်းကြီးနေတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့အပြောင်းအရွှေ့ကိစ္စထက် အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် အက်ဖ်အေဖလား တတိယအဆင့်ပွဲစဉ်ကိုသာ အာရုံစိုက်ထားကြောင်း ပြောကြားလာခဲ့ပါတယ်။

ပေါ်တူဂီသားက “လောလောဆယ်မှာတော့ ကျွန်တော် အနာဂတ်ကိုအဝေးကြီးမကြည့်ဘဲ တစ်နေ့တာအတွက်ပဲ အာရုံစိုက်နေပါတယ်။ အခုတစ်ပတ်အတွင်း ကျွန်တော်တို့အနားကောင်းကောင်းရထားလို့ လာမယ့်ပွဲအတွက် အင်အားအပြည့်ရှိနေပါတယ်။ အကောင်းဆုံးအသင်းတစ်သင်းနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ပွဲက ဘာတွေလုပ်ခဲ့နိုင်သလဲ ပြန်တွေးထားရပါမယ်။ လောလောဆယ်မှာအသင်းက ခက်ခဲတဲ့အခြေအနေနဲ့ကြုံတွေ့ထားရပါတယ်။ ဒါကြောင့် အာဆင်နယ်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားပြီး ပြီးမှအခြားကိစ္စတွေအတွက် အချိန်ပေးသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။

Ruben Amorim says he is more focused on Arsenal game then Rashford transfer

သူ့ရဲ့ပထမဆုံး အက်ဖ်အေဖလားအတွေ့အကြုံနဲ့ တွေ့ဆုံသွားမယ့်အကြောင်းပတ်သက်ပြီးတော့လည်း အာမိုရင်က “လူတွေမြင်သလိုပဲ ကျွန်တော်မြင်ပါတယ်။ ဒါက သမိုင်းအစဉ်အလာကြီးမားပြီး နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့ ပြိုင်ပွဲတစ်ခုပါ။ ဒီမှာ ယူနိုက်တက်က ဆုဖလားတွေအများကြီးယူထားနိုင်ခဲ့ပြီး အခုလည်း ဆက်လက်ရယူသွားဖို့ ကြိုးစားသွားပါမယ်။ ဒီအဆင့်မှာ သန်မာတဲ့ပုံစံကို ပြသသွားနိုင်ဖို့ ကြိုးစားသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။

ဆောင်းရာသီဈေးကွက်အတွင်း အသင်းရဲ့ကစားသမားတွေကို ရောင်းချဖို့လိုအပ်နေတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီးတော့လည်း ပေါ်တူဂီသားက ““ကျွန်တော်တို့ အသင်းရဲ့ကစားသမားအင်အားကို တောင့်တင်းအောင်ပြုလုပ်ဖို့လိုအပ်နေပါတယ်။ ဒါကြောင့် လိုအပ်တာတွေကို ပြုလုပ်သွားဖို့လိုအပ်နေပါတယ်။ ပြီးတော့ အကယ်ဒမီကိုလည်း တိုးတက်အောင်ပြုလုပ်သွားရပါမယ်။ လူငယ်ကလေးတွေအနေနဲ့ ကလပ်က လမ်းကြောင်းမှန်ပေါ်ရောက်နေပြီး ဘဏ္ဍာရေးဆိုင်ရာပြဿနာတွေမရှိဘူးဆိုတာသိအောင် ပြသသွားဖို့လည်းလိုပါတယ်။ အသင်းကိုတည်ဆောက်ဖို့ အကောင်းဆုံးကစားသမားတွေကို အသင်းမှာထိန်းသိမ်းသွားဖို့ ကြိုးစားသွားပါမယ်။ အခုတော့ ပွဲစဉ်တွေအပေါ်မှာပဲ အာရုံစိုက်နေပြီး ရက်ရှ်ဖို့ဒ်ရော၊ မိုင်နူးရော ကစားဖို့အဆင်သင့်ရှိနေပါတယ်။ လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments