Tuesday, June 16, 2026
spot_img
spot_img

ယူရို-၂၀၂၄ ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

 စကော့တလန် – စပိန် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

နှစ်သင်းစလုံးက ယူရိုအဖွင့်ပွဲစဉ်တွေမှာ (၃-၀) ဆိုတဲ့ရလဒ်တွေနဲ့ အသီးသီးအနိုင်ရခဲ့တယ်။ စကော့တလန်အသင်းက ဆိုက်ပရပ်စ်ကို အနိုင်ရခဲ့ပြီး စပိန်ကလည်း အသင်းကောင်းတစ်သင်းဖြစ်တဲ့ နော်ဝေကို ဂိုးပြတ်သွင်းခဲ့တယ်။ အဖွင့်ပွဲမှာ ပုံစံ ကောင်းပြခဲ့ပေမဲ့ စကော့တလန်အသင်းနည်းပြ ကလာ့ခ်ကတော့ စပိန်နဲ့ ကစားမယ့်ပွဲအတွက် ပိုပြီး အလုပ်လုပ်ဖို့ အသင်းကို တောင်းဆိုထားတယ်။ စကော့တလန်မှာ တွမ်မီနေး၊ မစ်ဂင်၊ ရောဘတ်ဆန်၊ တီယာနေးတို့လိုကစားသမားတွေ ပါဝင်နေပြီး အိမ်ကွင်းမှာ စပိန်ကို အခက်တွေ့အောင် လုပ်နိုင်ပါတယ်။ သရေကျသွားနိုင်တယ်။

 ဂျော်ဂျီယာ – နော်ဝေ (မြန်မာစံတော်ချိန် မတ်လ ၂၈ ရက် ည ၁ဝး၃၀ နာရီ)

နော်ဝေက အဖွင့်ပွဲမှာ စပိန်ကို ဂိုးပြတ်ရှုံးခဲ့တယ်။ အသင်း ရဲ့ အဓိက ကစားသမားဖြစ်တဲ့ ဟော်လန်း ဒဏ်ရာကြောင့် နုတ် ထွက်သွားခဲ့တာက နော်ဝေကို အားနည်းစေခဲ့တယ်။ ဂျော်ဂျီ ယာအသင်းကတော့  အရင်လောက် မာကျောတဲ့အနေအထား မဟုတ်တော့ပါဘူ။ ဒီပွဲမှာတော့ နော်ဝေအသင်း နိုင်ပွဲစယူပါ လိမ့်မယ်။

တူရကီ – ခရိုအေးရှား (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ဒီနှစ်သင်းက ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ ရလဒ် သိပ်တော့မကွာဘူး။ ဒါပေမဲ့ ၂၀၂၀ တုန်းက နောက်ဆုံးတွေ့ခဲ့တဲဲ့ပွဲမှာ ခရိုအေးရှားက (၃-၂) ဂိုးနဲ့ အနိုင်ရခဲ့တယ်။ ယူရိုပြိုင်ပွဲရဲ့ ခြေစစ်ပွဲအဆင့်မှာတော့ (၂) ပွဲပဲ ဆုံတွေ့ခဲ့ဖူးပြီး ခရိုအေးရှားက တစ်ပွဲနိုင်၊ တစ်ပွဲသရေကျခဲ့တယ်။ ဒါပေမဲ့ တူရကီမြေမှာတော့ ခရိုအေးရှားအတွက် အခက်အခဲ ရှိပါတယ်။ ဒီနှစ်သင်းရဲ့ လက်ရှိခြေစွမ်းအရရော၊ ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အကြိတ်အနယ်ဖြစ်လေ့ရှိတာကိုကြည့်ရင် သရေကျဖို့များတယ်။ ဂိုးလည်း နည်းနိုင်တယ်။

ဝေးလ်စ် – လတ်ဗီးယား (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ဝေးလ်စ်အသင်းက ခရိုအေးရှားနဲ့ ကစားခဲ့တဲ့ အဖွင့်ပွဲမှာ  အဝေးကွင်းမှာ ကစားရပေမဲ့ သရေတစ်မှတ်ယူနိုင်ခဲ့တာကို တွေ့ရတယ်။ လတ်ဗီယားအသင်းက ဒီပွဲမှာ ပထမဆုံးကစားရမှာဖြစ်တယ်။ ဥရောပအသင်းငယ်အချင်းချင်း ပွဲတွေမှာတော့ ရလဒ်မဆိုးပေမဲ့ ဝေးလ်စ်အသင်းရဲ့ကွင်းမှာတော့ ယှဉ်ကစားနိုင်ဖို့ မရှိဘူး။ ဝေးလ်စ်ပဲ အနိုင်သေချာပြီး ဂိုးပြတ်၊ မပြတ်ပဲ စောင့်ကြည့်ရမယ်။

ဆွစ်ဇာလန် – အစ္စရေး (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ဘီလာရုစ်ကို (၅) ဂိုးပြတ်သွင်းခဲ့တဲ့ ဆွစ်ဇာလန်ရဲ့ခြေစွမ်းက တော်တော်လေးအားရစရာကောင်းတယ်။ အသင်းမှာလည်း အကန်ဂျီ၊ ချာကာ၊ ဇာကာရီယာတို့လို ကစားသမားတွေနဲ့ အားကောင်းပြီး အိမ်ကွင်းမှာတော့ အသင်းကြီးတွေကိုတောင်

အကောင်းဆုံး တုံ့ပြန်နိုင်လေ့ရှိတယ်။ အစ္စရေးက ပြီးခဲ့တဲ့ပွဲတုန်းက ကိုဆိုဗိုအသင်းနဲ့တစ်ဂိုးစီ သရေကျခဲ့ပြီး အသင်းလိုက်ခြေစွမ်းလည်း သိပ်အားရစရာမရှိဘူး။ ဆွစ်ဇာလန်အသင်းရဲ့ ကွင်းမှာတော့ အစ္စရေး သရေရလဒ်တောင် ခံကစားနိုင်ဖို့ မရှိပါဘူး။ ဆွစ်ဇာလန်ပဲ နိုင်ပွဲရလိမ့်မယ်။

ရိုမေးနီးယား – ဘီလာရုစ် (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ရိုမေးနီးယားက ဒီအုပ်စုမှာ ဆွစ်ဇာလန်အသင်းကို အဓိက ဖိအားပေးမယ့်အသင်းဖြစ်ပြီး အဖွင့်ပွဲမှာလည်း အနိုင်ရထားတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းမှာ ဘီလာရုစ်ကို အနိုင်ကစားဦးမှာပဲ။ ဘီလာရုစ်က အဖွင့်ပွဲမှာ ဆွစ်ဇာလန်ကို အိမ်ကွင်းမှာပဲ ဂိုးအလှူပေးထားတဲ့အသင်းဖြစ်ပြီး ဒီပွဲမှာလည်း အဝေးကွင်းမှာ ရိုမေးနီးယားကို ယှဉ်ကစားနိုင်မှာမဟုတ်ဘူး။ ရိုမေးနီးယားက နောက်ဆုံး (၅)ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့ပြီး တိုက်စစ်လည်း မဆိုးဘူး။ (၂-၀)၊ (၃-၀) လောက်ဖြစ်မယ်။

ကိုဆိုဗို – အန်ဒိုရာ (မြန်မာစံတော်ချိန် မတ်လ ၂၉ ရက် နံနက် ၁း၁၅ နာရီ)

ကိုဆိုဗိုအသင်းက နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ အစ္စရေးအသင်းကို အဝေးကွင်းမှာ သရေကစားနိုင်ခဲ့တယ်။ အန်ဒိုရာကတော့ အိမ်ကွင်းမှာ ရိုမေးနီးယားကို အိမ်ကွင်းမှာ ရှုံးပွဲတွေ့ခဲ့တယ်။ အန်ဒိုရာနဲ့ ဘီလာရုစ်တို့က ဒီအုပ်စုမှာ အားအနည်း ဆုံးအသင်းတွေဖြစ်ပြီး ကိုဆိုဗိုက ဒီအသင်းတွေထက် ပိုအားကောင်းပါတယ်။ ကိုဆိုဗိုက အိမ်ကွင်းမှာ မြောက်အိုင်ယာလန်၊ ဆိုက်ပရပ်စ်တို့လိုအသင်းတွေကို အနိုင်ကစားခဲ့တဲ့အသင်းဖြစ်ပြီး ဒီပွဲလည်း အနိုင်ကစားမှာပဲ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments