ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဆိုစီဒက်အသင်းနဲ့ မန်ယူအသင်းတို့ အုပ်စုပထမနေရာအတွက် ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေတယ်။ အုပ်စုပွဲစဉ်(၅)အပြီးမှာ ရှုံးထွက်အဆင့်ကို (၁၂)သင်း တက်ရောက်ထားနိုင်ပြီး အခုပွဲစဉ်မှာ လက်ကျန်(၆)နေရာအတွက်သာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အုပ်စုပထမနေရာအတွက် အမှားခံလို့မဖြစ်တဲ့အခြေအနေဖြစ်ပေမဲ့ အခက်အခဲရှိမယ်မထင်ပါဘူး . . .
ယူရိုပါလိဂ်ပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာတော့ ဆိုစီဒက်အသင်းနဲ့ မန်ယူအသင်းတို့ အုပ်စုပထမနေရာအတွက် ထိပ်တိုက်ရင်ဆိုင်ရမယ့်ပွဲက စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်နေတယ်။ အုပ်စုပွဲစဉ်(၅)အပြီးမှာ ရှုံးထွက်အဆင့်ကို (၁၂)သင်း တက်ရောက်ထားနိုင်ပြီး အခုပွဲစဉ်မှာ လက်ကျန်(၆)နေရာအတွက်သာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကတော့ အုပ်စုပထမနေရာအတွက် အမှားခံလို့မဖြစ်တဲ့အခြေအနေဖြစ်ပေမဲ့ အခက်အခဲရှိမယ်မထင်ပါဘူး . . .
ဆိုစီဒက် နှင့် မန်ယူ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

ဆိုစီဒက်အသင်းက အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ယူထားလို့ အခုအိမ်ကွင်းမှာတော့ သရေကစားရုံနဲ့ အုပ်စုပထမနေရာ ရယူနိုင်ပါလိမ့်မယ်။ အဝေးဂိုးစည်းမျဉ်း မရှိတော့သလို၊ ဂိုးကွာခြားချက်မှာလည်း ဆိုစီဒက်ထက် လျော့နည်းနေလို့ မန်ယူအနေနဲ့ ဂိုးပြတ်အနိုင်ယူနိုင်မှ ထိပ်ဆုံးနေရာရမယ့် အနေအထားပါ။ မန်ယူနည်းပြ တန်ဟက်ဂ်က ပြီးခဲ့တဲ့ ရှာရစ်ဖ်နဲ့ပွဲမှာ တောင့်တင်းတဲ့လူစာရင်းနဲ့ ပွဲထွက်ကစားစေခဲ့ပြီး အခုပွဲမှာလည်း အဲဒီ Line-up ကို သိပ်အပြောင်းအလဲလုပ်ဖွယ်မရှိဘူး။ ဆိုစီဒက်အသင်း ကတော့ အိမ်ကွင်း(၅)ပွဲဆက် အနိုင်ကစားထားပြီး အတော်လေးတည်ငြိမ်နေတယ်။ စပိန်မြေမှာ ကစားရမှာဖြစ်ပေမဲ့ မန်ယူကိုပဲ ရွေးချယ်ချင်တယ်။
ကာရာဘတ် နှင့် ဖရိုင်းဘတ် (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ပထမနေရာသေချာထားပြီးသား ဖရိုင်းဘတ်အသင်း ကာရာဘတ်ကို လက်တွဲခေါ်ဖို့များတယ်။
မိုနာကို နှင့် ဇဗက်ဒါ (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)
ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိနေတဲ့ မိုနာကိုအသင်း အနိုင်ကစားလိမ့်မယ်။
ဖီယင်နု နှင့် လာဇီယို (မြန်မာစံတော်ချိန် ကြာသပတေးည ၁၂း၁၅ နာရီ)

လာဇီယိုအသင်း တစ်ဂိုးလောက်ရှုံးရင်တောင် နောက်တစ်ဆင့်တက်နိုင်မယ့် အနေအထားရှိနေတယ်။ ဒါပေမဲ့ အုပ်စု ပထမရဖို့ လာဇီယိုအသင်း အားကုန်ရုန်းလိမ့်မယ်။ လာဇီယို အမှတ်ရမှာပါ။
ဘိုဒယ်ဂလင့် နှင့် PSV (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
အုပ်စုတတိယနေရာအတွက် ဘိုဒယ်ဂလင့် အိမ်ကွင်းမှာ အမှတ်ယူလိမ့်မယ်။
အာဆင်နယ် နှင့် FC ဇူးရစ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

PSV အသင်းကို အဝေးကွင်းမှာ မထင်မှတ်ဘဲ အရေးနိမ့်ခဲ့လို့သာ အာဆင်နယ်အသင်း အုပ်စုပထမနေရာအတွက် နောက်ဆုံးပွဲအထိ ရုန်းကန်ရမှာဖြစ်တယ်။ ဒါပေမဲ့ အီမရိတ်စ်မှာတော့ FC ဇူးရစ်အသင်းက အာဆင်နယ်ကို ဒုက္ခပေးနိုင်တဲ့ ပြိုင်ဘက်အဆင့်မျိုး မရှိပါဘူး။ FC ဇူးရစ်အသင်း အုပ်စု တတိယနေရာအတွက် မျှော်လင့်ချက်ရှိနေလို့ အာဆင်နယ်အသင်း သတိတော့ထားကစားရလိမ့်မယ်ထင်တယ်။ PSV ရဲ့ ဖိအားပေးမှုကြောင့် သရေကျခံလို့မရတဲ့ အာဆင်နယ်အသင်း ဂိုးပြတ်သွင်းလိမ့်မယ်။
ရိုးမား နှင့် လူဒိုဂိုရတ်စ် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)

ပထမအကျော့ အဝေးကွင်းမှာ အရေးနိမ့်ထားလို့ ရိုးမားအနေနဲ့ မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေတယ်။ အေဘရာဟမ် ဂိုးပေါက်ပြန်တွေ့ထားတဲ့ ရိုးမားတိုက်စစ် ဘယ်လောက်အထိ အပြောင်းအလဲဖြစ်လာမလဲ စောင့်ကြည့်ရမယ့်အနေအထားပါ။ လူဒိုဂိုရတ်စ်အသင်းကတော့ ဒီရာသီမှာ ခြေစွမ်းတိုးတက်လာတာက အသိအမှတ်ပြုရလိမ့်မယ်။ ဒါပေမဲ့ ယူရိုပါလိဂ်အဝေးကွင်း (၉)ပွဲဆက်တို်က် နိုင်ပွဲပျောက်ထားပုံနဲ့တော့ ရောမမြေမှာ လူဒိုဂိုရတ်စ်ကို သိပ်မျှော်လင့်လို့တော့ မရဘူး။ ရိုးမားဘက်ကပဲ ရပ်တည်ချင်တယ်။
ဆန်လွိုက်ဆီ နှင့် အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ဘယ်လ်ဂျီယံကလပ် ဆန်လွိုက်ဆီက အုပ်စုပထမနေရာ သေချာထားပြီးသားအသင်းပါ။ အူန်ယွန်းဘာလင် အနိုင်ကစားဖို့များတယ်။






