Monday, February 9, 2026
spot_img
spot_img

 ယူရိုခြေစစ်ပွဲအတွက် ရွေးချယ်ခဲ့သည့်လူစာရင်းနှင့်ပတ်သက်၍ ဆောက်ဂိတ် ဖြေရှင်းမှုများ ပြုလုပ်     

အင်္ဂလန်လက်ရွေးစင်အသင်း၏နည်းပြ ဆောက်ဂိတ်သည် ယူရို-၂၀၂၄ ခြေစစ်ပွဲအတွက် ရွေးချယ်ခဲ့သည့် လူစာရင်းနှင့်ပတ်သက်၍ ဖြေရှင်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ခြေစစ်ပွဲများကို လာမည့် မတ်လ(၂၃)ရက်တွင် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အင်္ဂလန်အသင်းသည် အုပ်စု(C) တွင် အီတလီ၊ ယူကရိန်း၊ မြောက်မက်ဆီဒိုးနီးယား၊ မော်လ်တာတို့နှင့်အတူ ကျရောက်နေသည်။

အင်္ဂလန်အသင်းသည် မတ်(၂၃)တွင် အီတလီ၊ မတ်(၂၆) တွင် ယူကရိန်းတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ယင်းပွဲများအတွက် ကစားသမား(၂၅)ဦးစာရင်းကို ကြာသပတေးနေ့တွင် ဆောက်ဂိတ်က ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ 

အဆိုပါလူစာရင်းတွင် ဘရန့်ဖို့ဒ်အသင်း၏ တိုက်စစ်မှူး အီဗန်တိုနေးသည် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပြီး ၎င်းင်းအနေဖြင့် လက်ရှိအချိန်၌ လောင်းကစားပြဿနာများနှင့် ရင်ဆိုင်နေရသောကြောင့် ဆောက်ဂိတ်၏ ရွေးချယ်မှုအပေါ် မေးခွန်းထုတ်ခံခဲ့ရသည်။ 

ဆောက်ဂိတ်ကမူ မိမိအနေဖြင့် တိုနေး၏ ကလပ်အသင်းအတွက် စွမ်းဆောင်ရည်နှင့် လက်ရှိအချိန်၌ ကလပ်အသင်းအတွက် ကစားခွင့်ရနေခြင်းအပေါ်သာ အခြေခံစဉ်းစားခြင်းဖြစ်သည်ဟု ဖြေရှင်းခဲ့သည်။ 

ထို့ပြင် ဆောက်ဂိတ်၏ ရွေးချယ်မှု၌ အာဆင်နယ်နောက်ခံလူ ဘင်ဝှိုက်နှင့် ချယ်လ်ဆီးတောင်ပံကစားသမား စတာလင်တို့ မပါဝင်ခြင်းအပေါ်လည်း ဝေဖန်မှုများရှိခဲ့သည်။ 

ဆောက်ဂိတ်က စတာလင်ကို မရွေးချယ်ခြင်းမှာ ကြံ့ခိုင်မှုမပြည့်ဝသောကြောင့်ဖြစ်ပြီး ဘင်ဝှိုက်ကို ချန်လှပ်ခဲ့ခြင်းမှာမူ ညာနောက်ခံလူနေရာ၌ ၎င်းထက် ဦးစားပေးရွေးချယ်ရမည့်သူများ ရှိနေသောကြောင့်ဟု ဖြေရှင်းချက်ပေးခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments