မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီနေ့ နံနက်မှာ ရာသီကြို ခြေစမ်းပွဲရဲ့ ဆဌမမြောက် ပွဲစဥ်အဖြစ် US မှာ ဒေါ့မွန် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး 2 – 3 ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ရပါတယ် ။
ဒီပွဲမှာတော့ ယူနိုက်တက်ဖက်မှ ဒါးလော့ဟာ ပွဲချိန် 24 မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမဲ့ ပွဲချိန် 43 နဲ့ 44 မိနစ်တွေမှာ မာလန်း က ခြေပဂိုး နဲ့ ဦးဆောင်ဂိုးတွေကို သွင်းယူပြီး ပထမပိုင်းကို 1 – 2 နဲ့ ဦးဆောင်စေနိုင်ခဲ့ပါတယ် ။

အဲ့ဒီနောက် ပွဲချိန် 52 မိနစ်မှာ အန်တိုနီ က ယူနိုက်တက် အတွက် ခြေပဂိုး သွင်းယူပေးခဲ့ပါတယ် ။ ဒါပေမဲ့ ပွဲချိန် 71 မိနစ်မှာ ဒေါ့မွန် မှ မော်ကိုကို က တစ်ဂိုး သွင်းယူခဲ့ပြီး နိုင်ပွဲ ရရှိသွားစေခဲ့ပါတယ် ။
ရာသီကြို ပွဲစဥ်အစမှာ 3 ပွဲ ဆက်တိုက် အနိုင်ရခဲ့ပြီး 3 ပွဲ ဆက်တိုက် ပြန်လည် ရှုံးနိမ့်သွားခဲ့ကြတဲ့ ယူနိုက်တက် အသင််းမှ ကစားသမားတွေရဲ့ ဒီပွဲစဥ်မှ Rating တွေကို ဖော််ပြပေးလိုက်ပါတယ် ။

ပွဲထွက် ကစားသမားများ…
တွမ်ဟီတန် (6)
ဒါးလော့ (7)
လင်ဒီလော့ဖ် (5)
မက်ဂွားယား (5)
ဘရန်ဒန် ဝီလီယံ (6)
မက် တော်မီနေး (6)
အဲရစ်ဆင် (6)
ပယ်လီစထရီ (6)
ဗန်ဒီ ဘိခ် (7)
ဖော်ဆန် (5)
ဆန်ချို (6)

လူစားဝင် ကစားသမားများ…
အန်တိုနီ (6)
အိုနားနား (7)
ဘစ်ဆာကာ (5)
ဂျွန်နီ အီဗန် (6)
မာတီနက်ဇ် (6)
လုခ်ရှော (5)
မေဆွန်မောင့် (6)
ကာစီမီရို (6)
ဘရူနို (6)
ရပ်ရှ်ဖို့ (7)
ဟူဂေးလ် (5)






