ဝက်စ်ဟမ်း အသင်းနဲ့ ပွဲစဥ်မှာ ခြေစွမ်းကောင်းပြသနိုင်ဖို့ ထပ်မံ ရုန်းကန်ခဲ့ရတဲ့နောက် ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က စကေး မရှိတဲ့ တိုက်စစ်မှူး ဝေါက် ဝဂ်ဟော့စ် ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နံပါတ် 10 မှာ ကစားဖို့ ထိုက်တန်မှု မရှိကြောင်း ပြောခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မနေ့နံနက်တုန်းက လန်ဒန်ကွင်းထဲမှာ ဝက်စ်ဟမ်း ယူနိုက်တက် အသင်းနဲ့ ရင်ဆိုင် ကစားခဲ့ရပြီး ဒီဂီယာရဲ့ အမှား ၊ ဘန်ရက်ဟ်မာ ရဲ့ တစ်လုံးတည်းသော သွင်းဂိုး ၊ 1 – 0 ဆိုတဲ့ ရလဒ် နဲ့ ရမှတ် 3 မှတ် ဆုံးရှုံးခဲ့လိုက်ရပါတယ် ။
ဒီပွဲမှာလည်း မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အခွင့်အရေးကောင်းတွေ အများကြီးရရှိနိုင်ခဲ့ပေမဲ့ အဆုံးသတ််ပိုင်း ညံ့ခဲ့တဲ့ အတွက် ဂိုးမရနိုင် ဖြစ်ခဲ့ရပါတယ် ။ ယူနိုက်တက်တို့ အခုလို ဂိုးရရှိဖို့ရုန်းကန်ရတာက တိုက်စစ်ပိုင်း လိုအပ်ချက် ရှိနေကြောင်း သိသာပေါ်လွင်စေခဲ့ပါတယ် ။

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီပွဲရဲ့ အစောပိုင်း 10 မိနစ်မှာ လုံးဝ အသာစီး ရယူ ကစားနိုင််ခဲ့ပေမဲ့ ဂိုးမရနိုင် ဖြစ်ခဲ့ရပြီး အထူးသဖြင့် ပွဲထွက်ခွင့် ရခဲ့တဲ့ တိုက်စစ်မှူး ဝဂ်ဟော့စ် ဟာ ခြေစွမ်းကောင်း ပြနိုင်ဖို့ ရုန်းကန်ခဲ့ရပြန်ပါတယ် ။
အခုတော့ ယူနိုက်တက် ဂန္တဝင် ရီယို ဖာဒီနန် က မန်ချက်စတာ ယူနိုက်တက်လို ထိပ်တန်း အသင်းမျိုးရဲ့ တိုက်စစ် နေရာအတွက် သင့်တော်တဲ့တိုက်စစ်မှူး တစ်ဦးအဖြစ် ဝဂ်ဟော့စ် ကို ဘယ်လိုမှ အာရုံမတွေ့ကြောင်း ထုတ်ဖော်ပြောကြား သွားခဲ့လိုက်ပါတယ် ။

” မန်ချက်စတာ ယူနိုက်တက်ရဲ့ နံပါတ် 10 နေရာ ၊ ထိပ်တန််း အသင်းတစ်သင်းရဲ့ နံပါတ် 10 ကစားသမားအဖြစ် ကျွန်တော် ဝဂ်ဟော့စ် ကို ဘယ်လိုမှ သင့်တော်တယ်လို့ မမြင်မိပါဘူး ။ သူ အသင်းအတွက် ပါဝင်ပတ်သက်ပေးနိုင်စွမ်းတွေက ဒီနေရာနဲ့ မထိုက်တန်လှပါဘူး ”
” အကယ်လို့ ကျွန်တော်သာ ဆန်ချို ၊ ဘရူနို ၊ ဂါနာချို နဲ့ မာရှယ်တို့ထဲက တစ်ဦးဦး ဖြစ်နေခဲ့မယ်ဆိုရင် ကျွန်တော့် အရှေ့မှာ သူလို ကစားသမား တစ်ဦး Line Up ပါဝင်လာတာကို မြင်ချင်မှာ မဟုတ်ပါဘူး ။ နံပါတ် 10 ဂျာစီဆိုတာက တစ်စုံတစ်ခုကို ကိုယ်စားပြုတာပါ ”

” နံပါတ် 10 ဆိုတာက ဖန်တီးနိုင်သူ ၊ အရွေ့ ကောင်းမွန်လှသူ ၊ line တွေထဲ ဖြတ်သွား လှုပ်ရှားနိုင်သူ ၊ အသင်းရဲ့ ကစားသမားတွေကို ကစားကွက်ထဲ ဆွဲခေါ်သူ၊ ဂိုးတွေကို သွင်းယူပေးနိုင်သူမျိုးပါပဲ ။ သူဟာ အဲ့တာတွေကို လုပ်နိုင််သူ မဟုတ်ပါဘူး ”
” တန်ဟတ် သူ့ကို အသုံးပြုနေတာက သူ့ရဲ့ ကစားအားကြောင့်ပါ ။ ဒီပွဲမှာ သူလုပ်ပြနိုင်ခဲ့တဲ့ တစ်ခုတည်းသော အကောင်းဆုံးအရာက ကိုယ့်ဧရိယာထဲ tackle လုပ်နိုင်ခဲ့တာပါပဲ ။ တကယ့် နံပါတ် 10 ကစားသမား ဆိုတာက အဲ့တာကို ဘယ်လို လုပ်ရသလဲတောင် မသိပါဘူး ”
” သူဟာ ပြိုင်ဖက်ဧရိယာထဲမှာတော့ ဒုက္ခပေး မွှေနှောက်နိုင်သူ လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး ။ ပြင်ပကနေ ကြည့်လိုက်ရင််တော့ သူကစားနေတဲ့ ပုံစံဟာ တကယ့်ကို စိတ်ရှုပ်ထွေးစေပါတယ် ” လို့ ဖာဒီနန် က သုံးသပ်ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ် ။






