Tuesday, January 20, 2026
spot_img
spot_img

ယူနိုက်တက်အတွက် ပွဲထွက်ကစားခွင့်ရဖို့ ကြိုးစားရုန်းကန်သွားရမယ်လို့ ရက်ရှ်ဖို့ဒ်ကို သတိပေးလိုက်တဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တနင်္ဂနွေနေ့ညက မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ ပွဲထွက်လူစာရင်းမှ ချန်လှပ်ခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းအတွက် ပုံမှန်ကစားခွင့်ရရှိဖို့ ကြိုးစားရုန်းကန်သွားရမယ်လို သတိပေးပြောဆိုလာခဲ့ပါတယ်။

မန်စီးတီးရဲ့ အိမ်ကွင်းအီတီဟတ်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်မပါဝင်ပေမယ့် ဘရူနိုဖာနန်ဒက်စ်၊ အာမက်ဒီယာလိုတို့ရဲ့ နောက်ကျသွင်းဂိုးတွေနဲ့အတူ လက်ရှိချန်ပီယံကို နောက်ကောက်ချနိုင်ခဲ့ပြီး အဖိုးတန်အနိုင် ၃ မှတ်ကို ပုံဖော်နိုင်ခဲ့ပါတယ်။

ယူနိုက်တက်အနေနဲ့ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ရက်ရှ်ဖို့ဒ်ကို ရောင်းထုတ်တော့မယ်လို့ သတင်းတွေထွက်ပေါ်နေချိန် အခုလို ပွဲထွက်ခွင့်မှ ချန်လှပ်ခဲ့ခြင်းမှာ ကစားသမားရဲ့ အိုးလ်ထရက်ဖို့ဒ်အနာဂတ်နဲ့ပတ်သက်ပြီး ပိုမို သံသယဝင်စရာဖြစ်လာခဲ့ပါတယ်။ သို့သော်လည်း ပွဲအပြီးမှာတော့ အာမိုရင်က အင်္ဂလန်သားဟာ ပုံမှန်ပွဲထွက်ခွင့်အတွက် တိုက်ပွဲဝင်သွားရမယ့်အကြောင်းကို သတိပေးလာခဲ့ပါတယ်။

ပေါ်တူဂီသားက “ကျွန်တော်တို့ ရက်ရှ်ဖို့ဒ်ပုံစံကောင်းရဖို့ အချိန်အတော်ကြာကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ နည်းလမ်းတွေက အလုပ်မဖြစ်ပါဘူး။ တူညီတဲ့ပုံစံအတိုင်းဆက်ကြိုးစားရမလား၊ နည်းလမ်းပြောင်းလဲသွားရမလား မပြောတတ်သေးပါဘူး။ ရိုးရှင်းတဲ့အချက်တစ်ခုကတော့ အားလုံးအလုပ်ကြိုးစားသွားဖို့ပါပဲ။

Marcus Rashford was not included in the starting line-up for Sunday's 2-1 win over Manchester City.

ဒီနေ့ ကျွန်တော်တို့ လေ့ကျင့်ရေးပြင်းပြင်းထန်ထန်လုပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့တာက စည်းကမ်းပိုင်းအရမဟုတ်ပါဘူး။ နောက်အပတ် နောက်ပွဲတွေမှာ ပြန်ကစားခွင့်ပြုဖို့ရှိပါတယ်။ ကလပ်မှာ ပြောင်းလဲမှုတွေအများအပြားပြုလုပ်နေလို့ အချို့လူတွေလည်း သူတို့ရဲ့အလုပ်တွေကို ဆုံးရှုံးထားပါတယ်။အသင်းမှာနေရာရဖို့အတွက်ဆိုရင်တော့ အားလုံးတိုက်ပွဲဝင်သွားရပါမယ်” လို့ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်ရဲ့ လစာအမြင့်ဆုံးကစားသမားစာရင်းထဲမှာပါဝင်နေပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းခွဲအထိ ရရှိနေတာဖြစ်ပါတယ်။ ဆော်ဒီပရိုလိဂ်ကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ရက်ရှ်ဖို့ဒ်ကို လာမယ့်ဇန်နဝါရီမှာ ယူနိုက်တက်အနေနဲ့ လစာလျှော့ချပြီး အသင်းမှဆက်လက်ထိန်းသိမ်းထားဖို့ရှိသလို၊ အပြီးသတ်ရောင်းချသွားနိုင်ချေရှိတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နည်းပြအာမိုရင်တစ်ယောက် ရက်ရှ်ဖို့ဒ်ကို ပွဲထွက်ကစားဖို့ ပြန်လည်ခွင့်ပြုသွားမလား ဒါမှမဟုတ် အရန်ခုံမှာပဲ ဆက်ထိုင်ခိုင်းဦးမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments