Thursday, January 22, 2026
spot_img
spot_img

ယူနိုက်တက်အတွက် ပြန်ကစားခွင့်ရဖို့ ပြောင်းလဲမှုပြုလုပ်သွားရမယ်လို့ ရက်ရှ်ဖို့ဒ်ကို အာမိုရင်သတိပေး

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းမှာကာလရှည် ကစားခွင့်ပျောက်ဆုံးထားတဲ့ တိုက်စစ်မှူး မားကပ်ရက်ရှ်ဖို့ဒ်အနေနဲ့ ပြန်လည်ကစားခွင့်ရလိုပါက အပြုအမူတွေကို မဖြစ်မနေပြောင်းလဲသွားရမယ်လို့ သတိပေးပြောကြားလာခဲ့ပြန်ပါတယ်။ FCSB နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ပွဲစဉ်မတိုင်မီမှာ အာမိုရင်က ရက်ရှ်ဖို့ဒ်ဟာ ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်တာကြောင့် အသင်းအတွက်အလွန်အရေးပါပေမယ့် အသင်းမှာသတ်မှတ်ထားတဲ့ အဆင့်အတန်းတွေကိုတော့ လိုက်မီအောင်ကြိုးစားဖို့လိုနေကြောင်း ထောက်ပြခဲ့ပါတယ်။

အာမိုရင်က “ရက်ရှ်ဖို့ဒ်လို ပါရမီရှင်ကစားသမားတစ်ယောက်ကို အသင်းမှာကစားခိုင်းမယ်ဆိုရင် ကျွန်တော်တို့ အများကြီးပိုကောင်းလာမှာပါ။ ဒါပေမယ့် သူ့အနေနဲ့ ပြောင်းလဲမှုပြုလုပ်ဖို့လိုအပ်နေပါတယ်။ တကယ်လို့ သူသာပြောင်းလဲလာမယ်ဆိုရင် သူ့ကို ဝမ်းမြောက်ဝမ်းသာနဲ့ပဲ ကြိုဆိုသွားမှာပါ။ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်။ ဒါပေမယ့် လောလောဆယ်မှာတော့ သူကအဆင့်အတန်းမမီဘူးဆိုတာ ကျွန်တော်တို့ ရှင်းရှင်းလင်းလင်းနားလည်ထားပါတယ်။ သူ့အနေနဲ့ အသင်းအတွက်ပေးဆပ်ချင်စိတ်အပြည့်အဝရှိလာမယ့်အချိန်ကို ကျွန်တော်တို့စောင့်နေပါတယ်။ ဒါက ကိုယ်ရေးကိုယ်တာပြဿနာတွေမဟုတ်ပါဘူး။ အသင်းမှာရှိတဲ့ ကစားသမားတိုင်းအပေါ်မှာ ကျွန်တော်ဒီလိုပဲကိုင်တွယ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်နဲ့ အာမိုရင်တို့ဟာ အချိန်အတော်ကြာ စကားပြောဆိုခြင်းမရှိကြောင်း သတင်းတွေထွက်ပေါ်ထားပါတယ်။ အင်္ဂလန်သားဟာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်း ပြောကြားထားခဲ့တာကြောင့် အဆိုပါပြောကြားမှုကို အာမိုရင်အနေနဲ့ ကျေနပ်ခြင်းရှိဘဲ အခုချိန်အထိ

Rashford Amorin warns Rashford to make changes to play for United

မေးခွန်းထုတ်နေဆဲဖြစ်ပါတယ်။ ဇန်နဝါရီအပြောင်းအရွှေ့ကာလက မကြာမီမှာပဲ ကုန်ဆုံးတော့မှာဖြစ်လို့ ရက်ရှ်ဖို့ဒ်အနေနဲ့ အာမိုရင်ကျေနပ်လောက်တဲ့အထိ လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်ပြသွားနိုင်မလား ဒါမှမဟုတ် အသင်းသစ်သို့ပြောင်းရွှေ့သွားမလား လာမယ့်ရက်ပိုင်းအတွင်းမှာပဲ သိရတော့မှာဖြစ်ပါတယ်။

အသက်-၂၇ နှစ်အရွယ်ကစားသမားကို ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ ဂျူဗင်တပ်စ်၊ အေစီမီလန်၊ နာပိုလီနဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေကြပြီး အပြောင်းအရွှေ့ ကောလာဟလတွေလည်း အမျိုးမျိုးထွက်ပေါ်နေတာဖြစ်ပါတယ်။ သို့သော်လည်း ရက်ရှ်ဖို့ဒ်အနေနဲ့ သူ့ရဲ့လက်ရှိလုပ်ခလစာကို လျှော့ချခြင်းမရှိဘူးဆိုရင်တော့ အသင်းသစ်သို့ပြောင်းရွှေ့နိုင်ဖို့ ခက်ခဲနေဦးမှာဖြစ်ပါတယ်။ လတ်တလောထွက်ပေါ်ထားတဲ့သတင်းတွေအရ ယူနိုက်တက်အကယ်ဒမီကြယ်ပွင့်ဟာ ဂျူဗင်တပ်စ်သို့အငှားနဲ့ထွက်ခွာခွင့်ရဖို့နီးစပ်နေသလို၊ ဘာစီလိုနာသို့အပြီးသတ်ပြောင်းရွှေ့ဖို့လည်း ရွေးချယ်ခွင့်ရှိနေတယ်လို့သိရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments