Monday, February 9, 2026
spot_img
spot_img

ယူနိုက်တက်ရဲ့ ကစားပုံ တစ်ခုကို ချီးကျူးရင်း ဗီလာ ရဲ့ ရှုံးပွဲအပေါ် ထင်မြင်ချက်ပေး ငြီးတွားလိုက်တဲ့ မာတီနက်ဇ်

အက်စတွန် ဗီလာ အသင်းရဲ့ ဂိုးသမား ဖြစ်သူ အီမီလီယာနို မာတီနက်ဇ် ကတော့ အိုးလ် ထရပ်ဖို့ဒ် မှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို ရှုံးနိမ့်ခဲ့တဲ့နောက် ပြိုင်ဖက််အသင်းရဲ့ ခံစစ် ကစားပုံကို ချီးကျူး သွားခဲ့လိုက်ပါတယ် ။

ဒီပွဲမှာတော့ ယူနိုက်တက်တို့ အခွင့်အရေး​ကောင်းတွေ ရရှိထားခဲ့ကြပေမဲ့ အဆုံးသတ် သေချာမှု မရှိခဲ့တဲ့အပြင် မာတီနက်ဇ် ရဲ့ နေရာယူ ကောင်းမွန်မှု နဲ့ လက်စွမ်းကောင်း ပြသမှုတွေကြောင့် အိမ်ရှင်တို့ ဂိုးရဖို့ အခက်ကြုံတွေ့ခဲ့ကြရပါတယ် ။

ဒါပေမဲ့ ပွဲချိန် 39 မိနစ်မှာ ရပ်ရှ်ဖို့ ရဲ့ ကန်ချက်ကို မာတီနက်ဇ် ဟန့်တားချိန် ဘရူနိုက အလိုက်သင့် ပိတ်သွင်းရင်းနဲ့ ဂိုးရရှိစေခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မာတီနက်ဇ် က ယူနိုက်တက် ခံစစ်ကို ချီးကျူးရင်း ရှုံးပွဲက ခံစားရခက်ခဲလှကြောင်း ဝန်ခံလိုက်ပါတယ် ။

” ရှုံးပွဲက ခံစားရခက်ပါတယ် ။ ကျွန်တော်တို့ ဒီပွဲစဥ်ကို ကောင်းကောင်း မစတင်နိုင်ခဲ့ကြပါဘူး ။ ကျွန်တော်တို့ရဲ့ ကစားပုံ လျော့တိလျော့ရဲ ဖြစ်နေခဲ့ပြီး ဘောလုံးကို တလွဲပေးတာတွေလည်း များခဲ့ပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ ပိုကောင်းခဲ့ကြပါတယ် ”

” ဒါပေမဲ့ အဆုံးသတ်မှာ ကျွန်တော်တို့ ဘာမင်ဂမ် ကို သယ််ဆောင်လာခဲ့တာ အမှတ် ဗလာပဲ ဖြစ်ခဲ့ရပါတယ် ။ ဒါဟာ တကယ့်ကို စိတ်ပျက်စရာပါပဲ ။ ကျွန်တော်တို့ဆီမှာ အနိုင်ယူချင်စိတ်တွေ ရှိနေတာ ကြာခဲ့ပါပြီ ။ ကျွန်တော်တို့ 10 ပွဲဆက် မရှုံးအောင် ကစားခဲ့ကြတာပါ ”

” အခုလည်း ဒီကို ရမှတ် 3 မှတ် ယူဖို့ စိတ်နဲ့ ရောက်လာခဲ့ကြတာလေ ။ သရေတောင် မလိုချင်ခဲ့ပါဘူး ။ ဒါပေမဲ့ သူတို့က သူတို့ရဲ့ ဂိုးပေါက်ကို အကောင်းဆုံး ကာကွယ်ပြနိုင်ခဲ့ကြပါတယ် ။ ကျွန်တော်တို့ ပွဲစဥ်တွေကို ဒီလို စတင်လို့ မရပါဘူး ”

” ကျွန်တော် မိနစ် 40 အထိ long ball မကစားခဲ့ပါဘူး
ဒါပေမဲ့ ကစားချိန်မှာ ကာစီမီရို ခေါင်းဦးခဲ့ပြီး ရပ်ရှ်ဖို့ က 1vs1 ဖြစ်နေခဲ့ပါတယ် ။ ဒါကို ကျွန်တော် ကာကွယ်လိုက်နိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ကိုယ့်လူနဲ့ ကိုယ်ထိ လမ်းကြောင်းပြောင်းပြီး ဂိုးပေးခဲ့လိုက်ရပါတယ် ။ အခုလို ဂိုးမျိုးပေးရတာ စိတ်ပျက်စရာပါပဲ ” လို့ မာတီနက်ဇ် က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments