မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူးဟောင််းတစ်ဦးဖြစ်သူ လူးဝစ် ဆာဟာက ဘရာဇီးလက်ရွေးစင် နေမာကို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မြင်တွေလိုပေမဲ့ မန်ချက််စတာ ယူနိုက်တက် အသင်းဆီကိုတော့ မရောက်စေလိုကြောင််း ထုတ်ပြောသွားခဲ့လိုက်ပါတယ် ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင််းတုန်းက PSG အသင်းမှာ မပျော်ရွှင်တော့ဘူးလို့ သတင််းထွက်နေခဲ့တဲ့ နေမာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းထွက်ခဲ့ပါသေးတယ် ။ လက်ရှိ အချိန်မှာတော့ နေမာဟာ ဒဏ်ရာကြောင့် အနားယူနေတာပဲ ဖြစ်ပါတယ် ။

နေမာဟာ ဖေဖော်ဝါရီလကတည်းက ခြေချင်းဝတ်ဒဏ််ရာကြောင့် PSG အသင်းအတွက်် မကစားပေးနိုင်ခဲ့တာဖြစ််ပြီး ရာသီကုန်အထိ အနားယူရမှာပဲ ဖြစ်ပါတယ် ။ အခုတော့ ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဆာဟာက သူ့ကို အသင်းဆီ မရောက်စေချင်ကြောင်း ဖွင့်ဟလိုက်ပါတယ် ။
” နေမာ အင်္ဂလန်မြေကို လာရောက် ကစားတာက ပရီးမီးယားလိဂ် အတွက် ခမ်းနားနေပါလိမ့်မယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ သူဟာ တကယ့်ကို ကြောက်မက်ဖွယ် ကောင်းတဲ့ ကစားသမား တစ်ဦး ဖြစ်နေလို့ပဲလေ ။ သူ ကစားတာကိုကြည့်ရတာက တကယ်ပဲ ကြည့်ကောင်းလှပါတယ် ”

” သူ့ရဲ့ ကစားပုံက ဖျော်ဖြေမှု ပေးနိုင်တယ်လေ ။ သူ့လို ကစားသမားမျိုးကို ခင်ဗျားရဲ့ အသင်းမှာ မရှိစေချင်ဘူးလားဆိုတဲ့ မေးခွန်းတွေ ရှိလာမှာ ကျွန်တော် သိပါတယ် ။ ကျွန်တော်ဟာ သူ့ရဲ့ ပရိသတ် တစ်ဦးပါ ။ ဒါပေမဲ့ ပြီးခဲ့တဲ့ 3-4 နှစ်အတွင်း သူဟာ PSG ပရိသတ်တွေ မျှော်လင့်ထားသလောက် မလုပ်ပြနိုင်ခဲ့ပါဘူး ”
” မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာရင် မီဒီယာတွေရဲ့ အာရုံစိုက်မှု ပိုရလိမ့်မယ်ဆိုတာလောက်နဲ့တော့ သူ့ကို အသင်းဆီမခေါ်ယူစေချင်ပါဘူး ။ အသင်းရဲ့ ဖွဲ့စည်းတည်ဆောက်ပုံဆိုတာက အရမ်းအရေးကြီးပြီး လက််ရှိ အချိန်မှာ တည်ဆောက်နေဆဲပဲ ရှိပါသေးတယ် ”

” သူ့ကို မန်ချက်စတာ ယူနိုက်တက် အသင်းဆီ မလာစေချင်ပါဘူး ။ ဒါပေမဲ့ သူ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ရောက််လာရင်တော့ ဒါက တကယ့်ကို ကောင်းမွန်တဲ့ ခေါ်ယူမှု တစ််ခု ဖြစ်စေမှာ အသေအချာပါပဲ ” လို့ ဆာဟာ က ပြောခဲ့လိုက်တာပဲ ဖြစ်ပါတယ် ။






