Tuesday, January 13, 2026
spot_img
spot_img

ယူနိုက်တက်စတားဟာ အာဆင်နယ်ကို တိုးတက်စေမှာမဟုတ်ကြောင်း ကာရေဂါ ပြောကြား

လီဗာပူးနောက်ခံလူဟောင်း ကာရေဂါက ယူနိုက်တက်စတား ရက်ရှ်ဖို့ဒ်ဟာ အာဆင်နယ်ကို တိုးတက်စေမှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။ အခုအပတ်အစောပိုင်းတုန်းက အသက် ၂၇ နှစ်သားဟာ စိန်ခေါ်မှုအသစ်တွေအတွက် အဆင်သင့်ဖြစ်နေပြီး ငယ်ဘဝကလပ်ကနေထွက်ခွာနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ယူရိုလူစာရင်းမှာ မပါဝင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်တစ်ယောက် ပြီးခဲ့တဲ့မန်ချက်စတာဒါဘီပွဲလူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။ အာမိုရင်ကတော့ သူ့အနေနဲ့ အင်္ဂလန်သားဆီကနေ ကွင်းအတွင်းကော ကွင်းအပြင်မှာပါ စွမ်းဆောင်ရည်ကောင်းတွေပိုလိုချင်နေပါတယ်။ သတင်းထောက် ဟင်နရီနဲ့အင်တာဗျူးမှာ ရက်ရှ်ဖို့ဒ်က အသင်းကနေထွက်ခွာနိုင်ချေရှိတယ်လို့ဝန်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ကို ယခင်တုန်းက ပီအက်စ်ဂျီ ၊ ရီးရဲလ် နဲ့ ဘာစီလိုနာတို့က ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ အဆိုပါအသင်းတွေက စိတ်ဝင်စားသေးလားဆိုတာ မသေချာသေးတာဖြစ်ပါတယ်။ လီဗာပူးဂန္ထဝင်ဟောင်း ကာရေဂါက ရက်ရှ်ဖို့ဒ်တစ်ယောက် ယူနိုက်တက်ကနေထွက်ခွာဖို့ အချိန်ကောင်းလို့ ယုံကြည်နေပေမယ့် အာဆင်နယ်နဲ့အဆင်ပြေမှာမဟုတ်ဘူးလိူ့ ထင်မြင်နေပါတယ်။

Carragher- United star won't improve Arsenal

“အခုချိန်က သူအသင်းပြောင်းရမယ့်အချိန်ပါ။ ဒါပေမယ့် ကျွန်တော်သတင်းတွေမှာ ရီးရဲလ် ၊ ဘာစီလိုနာ ၊ ပီအက်စ်ဂျီတို့ကိုမြင်နေရပါတယ်။ အဲ့တာက မားကပ်စ်ပါ။ ကျွန်တော်တစ်ခုခုများ လွဲနေတာလားပေါ့။ သူယူနိုက်တက်အသင်းမှာ မပါဝင်ခဲ့သလို အင်္ဂလန်အသင်းမှာလည်း မပါဝင်ခဲ့ပါဘူး။ အာဆင်နယ်က ချိတ်ဆက်နေတယ်လား။ နိုးပါ။ သူတန်ဟက်လက်အောက်မှာ ကစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။

ယူနိုက်တက်အတွက်တော့ သူက အရမ်းကောင်းတဲ့ကစားသမားဖြစ်ပေမယ့် သူက ဆာလက် ၊ မာနေး ဒါမှမဟုတ် ဆာကာမဟုတ်ပါဘူး”လို့ ကာရေဂါက ပြောကြားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ၄၂၆ ပွဲမှာ ၁၃၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ယူနိုက်တက်ဂန္ထဝင်ဟောင်း ရွိုင်ကိန်းက အင်္ဂလန်သားအနေနဲ့ အသင်းပြောင်းတာဟာ ၂ ဦး ၂ ဖက်အကျိုးရှိစေတယ်လို့ ယုံကြည်နေပါတယ်။

“သူပြောခဲ့တာတွေကို ကျွန်တော်စိတ်ထဲမရှိပါဘူး။ တစ်ချို့အချိန်တွေမှာ လူတိုင်းအတွက် အပြောင်းအရွှေ့တစ်ခုက အလုပ်ဖြစ်စေပါတယ်။ အဲ့တာက လွန်ခဲ့တဲ့ ၁ နှစ် ဒါမှမဟုတ် ၂ နှစ်ကတည်းက ဖြစ်သင့်တာပါ။ သူ့မှာ အရည်အချင်းကောင်းတွေရှိပေမယ့် အပြောင်းအလဲတစ်ခုလုပ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်”လို့ ကိန်းက ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ အာမိုရင်ကလည်း သူ့အနေနဲ့ ရက်ရှ်ဖို့ဒ်ကို ပိုကောင်းတဲ့သူဖြစ်လာအောင် လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments