Tuesday, January 20, 2026
spot_img
spot_img

ယူနိုက်တက်ကနေ ပြောင်းလာပြီးနောက် ဆန်ချိုရဲ့ တိုးတက်လာမှုအပေါ် ပြောကြားလိုက်တဲ့ မာရက်စ်ကာ

ယူနိုက်တက်ကနေ ပြောင်းလာပြီး‌နောက် ဆန်ချိုရဲ့ အဓိကတိုးတက်လာမှုအပေါ် ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောကြားလိုက်ပါတယ်။ ဆောက်သမ်တန်၊ တော့တင်ဟမ်တို့နှင့် ကစားခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ၂ ပွဲစလုံးတွင် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဆန်ချိုဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ချဲလ်ဆီးအတွက် ခြေစွမ်းပြသခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဂိုးဖန်တီးမှု ၅ ကြိမ် အထိ ပြုလုပ်ထားပြီး တောင်ပံကစားသမားရဲ့ ပွဲကို အဆုံးသတ်နိုင်တဲ့ စွမ်းဆောင်ရည်အပေါ် မာရက်စ်ကာက ပြောကြားထားပါတယ်။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်မှာ ၈၃ ပွဲကစားခဲ့ပြီး ၁၈ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးမှာတော့ သူဟာ ၁၀ ပွဲမှာ ၇ ဂိုးအထိ ပါဝင်ပတ်သက်မှုရှိနေပြီး တောင်ပံကစားသမားရဲ့ စွမ်းဆောင်ရည်က ကောင်းနေပြီလို့ မာရက်စ်ကာက ယုံကြည်နေပါတယ်။

မာရက်စ်ကာက ချဲလ်ဆီးရဲ့ ၀က်ဘ်ဆိုဒ်သို့ “ဆန်ချိုဟာ ကျွန်တော်တို့ စတင်ကတည်းက ကောင်းမွန်နေပါတယ်။ ကျွန်တော်တို့မှာ မတူညီတဲ့ ပွဲများစွာကို ကစားနေရတာဖြစ်ပြီး သူကလည်း ဂိုးဖန်တီးဖို့ကို အမြဲတမ်းရှာဖွေနေတာပါ။ဒါက ကောင်းပေမယ့် တစ်ခါတစ်လေမှာ သူက ဂိုးသွင်းနိုင်တဲ့ အနေအထားမှာ ရှိနေပြီး အခု ပိုကောင်းအောင် လုပ်နေပါတယ်”

Chelsea coach Enzo Maresca talks about Jadon Sancho's progress since moving to Manchester United

“ဒီရာသီမှာ ကျွန်တော်တို့ကိုကြည့်မယ်ဆိုရင် နိုနီနဲ့ ပက်ဒရိုတို့ ရှိနေသလို ညာတောင်ပံမှာလည်း ကိုးပါလ်မာရှိနေပါတယ်။ တိုက်စစ်နေရာမှာ ခရစ္စတိုနှင့် နီကိုတို့လည်း ရှိနေပါတယ်။ ဘယ်ခြမ်းမှာတော့ ကျွန်တော်တို့နည်းနည်းရုန်းကန်ရပါတယ်။ ဒါပေမယ့် အခု ကျွန်တော်တို့က အန်ဇို၊ ဆန်ချိုတို့နဲ့ စတင်ခဲ့ပြီး တိုက်စစ်ကစားသမား ၅ ဦးဆီကနေ ဂိုးဖန်တီးမှုတွေ လိုအပ်နေပါတယ်”

“off the ball အခြေအနေတွေမှာ ကျွန်တော်တို့အလုပ်လုပ်ပုံက ပက်ဒရိုနဲ့ နိုနီက တစ်ဖက်မှာရှနေပြီး ဂျေဒန်နဲ့ မစ်ချာတို့က တစ်ဖက်မှာရှိပါတယ်။ ဘောလုံးမရှိတဲ့အချိန်မှာ သူတို့တွေက ပြေးရမှာဖြစ်ပါတယ်။ အဲ့ဒါထက်မပိုပါဘူး။ကျွန်တော်တို့မှာ ဘောလုံးရှိတဲ့အခါ အနစ်နာခံမှုတွေနဲ့ ကြိုးစားအားထုတ်မှုတွေလိုတယ်” လို့ ပြောပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments