Saturday, February 7, 2026
spot_img
spot_img

ယုံကြည်မှုများ ပြန်လည်ရရှိလာပြီဖြစ်ပြီး မနှစ်က အခြေအနေနှင့် မတူညီတော့သည့် စိတ်ခံစားချက်များ ပြန်လည်ရရှိလာပြီဟု ရပ်ရှ်ဖို့ဒ်ဆို

ဝက်စ်ဟမ်းနှင့် ကစားခဲ့သည့်ပွဲတွင် အသင်းအတွက် တစ်လုံးတည်းသော ခေါင်းတိုက်ဂိုးကို သွင်းယူပေးခဲ့သည့် မန်ယူတိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်က သူသည် ယခုအချိန်တွင် အလွန်မြင့်မားသည့် ယုံကြည်မှုကို ရရှိနေပြီဖြစ်ကြောင်းနှင့် မနှစ်က ဖြစ်ခဲ့သည်များနှင့် လုံးဝခြားနားသည့် အခြေအနေကို ပို်င်ဆိုင်ထားကြောင်း ပြောကြားခဲ့သည်။

ရပ်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက မန်ယူအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်းမရှိခဲ့ဘဲ ဂိုးအနည်းငယ်သာ သွင်းနိုင်ခဲ့သဖြင့် ဝေဖန်ပြစ်တင်မှုများ ခံခဲ့ရသူဖြစ်ပြီး သူကိုယ်တိုင်မှာလည်း တစ်ရာသီလုံးတွင် (၅) ဂိုးသာသွင်းနိုင်ခဲ့သည်။

ယခုရာသီတွင်မူ ပြိုင်ပွဲစုံတွင် အသင်းအတွက် (၁၅)ပွဲအထိ ကစားထားပြီး သွင်းဂိုးမှာလည်း (၇)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ကာ ရပ်ရှ်ဖို့ဒ်က ”ကလပ်အသင်းမှာရော၊ လေ့ကျင့်ရေးကွင်းမှာရော အသင်းရဲ့ အခြေအနေက လုံးဝခြားနားသွားပါတယ်။ လက်ရှိအသင်းဟာ အရမ်းကောင်းမွန်တဲ့ ခံစားချက်ရှိပြီး ဒီအချက်က ကျွန်တော့်ကို ပိုမိုအားကောင်းလာစေတယ်။ အခုဆိုရင် ကျွန်တော် တကယ့်ကို စိတ်တက်ကြေွနပြီး မနှစ်က စိတ်ဓာတ်ကျခဲ့တဲ့ အခြေအနေနဲ့ လုံးဝ မတူညီတော့ပါဘူး။ ကျွန်တော် မနှစ်က တကယ်ကို ရုန်းကန်ခဲ့ရတာပါ။ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပိုဆိုးပါတယ်။ ကျွန်တော့်ရဲ့ ပုံမှန်ခြေစွမ်းမှာလည်း မရှိခဲ့ဘူး။ ဒါဟာ ခြေစွမ်းပိုင်းထက် စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် ဖြစ်ပါတယ်။ ကစားသမားတစ်ဦးရဲ့ စွမ်းဆောင်ရည် အမြင့်ဆုံးမှာ ရှိနေဖို့ ခေါင်းရှင်းနေဖို့ လိုပါတယ်။ ဒါဟာ မနှစ်ကနဲ့ လုံးဝမတူတဲ့အချက်ပါ။ ဒီရာသီမှာ ကျွန်တော် ကစားတဲ့ပွဲစဉ်တိုင်းမှာ ခေါင်းရှင်းနေပါတယ်။ မနှစ်က ဘာတွေ ဖြစ်နေမှန်းမသိခဲ့ပေမဲ့ အခုတော့ ကျွန်တော် အရမ်းပျော်ရွှင်နေပါတယ်”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments