Wednesday, March 11, 2026
spot_img
spot_img

ယာဂန်ကလော့ပ်သည် မိမိ၏နည်းပြဘဝတွင် အလွန်အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သည်ဟု ဂွါဒီယိုလာ ချီးကျူးစကားဆို

မန်စီးတီးအသင်း၏ နည်းပြဖြစ် သူ ဂွါဒီယိုလာက လီဗာပူးလ်အသင်းနှင့်လမ်းခွဲတော့မည်ဖြစ်သည့် နည်းပြ ယာဂန်ကလော့ပ်သည် မိမိ၏ နည်းပြဘဝတွင် အလွန်အရေးပါသည့် အစိတ်အပိုင်းတစ်ခုအဖြစ် တည်ရှိခဲ့သည်ဟု ချီးကျူးပြောကြားခဲ့သည်။

ယာဂန်ကလော့ပ်သည် ပရီးမီးယားလိဂ်ပြိုင်ပွဲသို့ ဂွါဒီယိုလာထက် အနည်းငယ်စောကာ ရောက်ရှိလာခဲ့ပြီးနောက် ဂွါဒီယိုလာ၏ အဓိကပြိုင်ဘက်နည်းပြတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်။

၎င်းတို့ နှစ်ဦးသည် ယခင်ကလည်း ဘွန်ဒစ်လီဂါတွင် ဘိုင်ယန်မြူးနစ်နှင့် ဒေါ့မွန်အသင်းတို့၏ နည်းပြများအဖြစ် ထိပ်တိုက်ရင်ဆိုင်ခဲ့ရဖူးပြီး ဂွါဒီယိုလာ၏  နည်းပြဘဝတွင် (၅)ကြိမ်နှင့်အထက် ရင်ဆိုင်ခဲ့ဖူးသည့် နည်းပြအားလုံးထဲ၌ ထိပ်တိုက်ရင်ဆိုင်မှုတွင် အရေးနိမ့်ခဲ့သည့် တစ်ဦးတည်းသော နည်းပြအဖြစ်လည်း ကလော့ပ်က ရပ်တည်နိုင်ခဲ့သည်။

ဂွါဒီယိုလာက ”ယာဂန်က ကျွန်တော့်ရဲ့ နည်းပြဘဝမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တယ်။ သူက နည်းပြတစ်ဦးအဖြစ် ကျွန်တော့်ကို နောက်ထပ်အဆင့်တစ်ဆင့်ကို ရောက်အောင် တွန်းအားပေးခဲ့တယ်။ ကျွန်တော်တို့နှစ်ဦးအကြားမှာ အရမ်းအားကောင်းတဲ့ အပြန်အလှန်လေးစားမှုရှိတယ်လို့လည်း ခံစားရတယ်။ သူ အနားယူတာ အရမ်းမကြာဖို့ပဲ မျှော်လင့်ပါတယ်”ဟု ဆိုခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments