Tuesday, January 13, 2026
spot_img
spot_img

ယာဂန်ကလော့ကို Tribute လုပ်တဲ့ ဗီဒီယိုမှာ ဟန်ဒါဆန် ဘာကြောင့် မပါဝင်ခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ ကာရေဂါ

ဂျေမီကာရေဂါက လီဗာပူး အသင်းခေါင်းဆောင်ဟောင်း ဂျော်ဒန်ဟန်ဒါဆန်ဟာ နည်းပြကြီး ယာဂန်ကလော့ကို ဂုဏ်ပြုနှုတ်ဆက်မှု လုပ်ခဲ့တဲ့ ဗီဒီယိုမှာ ဘာကြောင့် မပါဝင်ခဲ့သလဲဆိုတာကို ရှင်းပြ သွားခဲ့ပါတယ်။ ကာရေဂါက လီဗာပူး အသင်းခေါင်းဆောင်ဟောင်းဟာ အပြန်အလှန် မက်ဆေ့ချ် ပို့ခဲ့တဲ့ စာတွေ အရ ပင်ကိုယ် ဟန်ဒါဆန်နဲ့ မတူတဲ့ ပုံစံ ဖြစ်နေခဲ့တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အန်ဖီးမှာ ဝုဖ်ကို ၂-၀ နဲ့ နိုင်ခဲ့တဲ့ ရာသီပိတ် ပွဲစဉ် အပြီးမှာ ကလော့ရဲ့ နှုတ်ဆက်ပွဲကို ကျင်းပခဲ့ပြီး လီဗာပူး ကစားသမားဟောင်း တော်တော်များများလည်း ဒီပွဲကို တက်ခဲ့ကြပါတယ်။ ဟန်ဒါဆန်ကို ဒီပွဲမှာ မတွေ့ခဲ့တဲ့ အပြင် လီဗာပူး အတွက် အောင်မြင်မှုတွေ များစွာ ရယူပေးကာ ကလပ်ကို ထိပ်တန်း အဆင့်ရောက်အောင် ပြန်လည် ဆွဲတင်ပေးခဲ့တဲ့ ကလော့ကို ဂျာရတ် ကာရေဂါ တို့လို ကစားသမားဟောင်းတွေ အပြင် ဗန်ဒိုက် အလီဆွန် ထရန့် စတဲ့ လက်ရှိ ကစားသမားတွေက Tribute လုပ်ခဲ့တဲ့ Video မှာလည်း ဟန်ဒါဆန်က မပါဝင်ခဲ့ပါဘူး။

ဒါနဲ့ပက်သက်ပြီး ကာရေဂါက ‘ကျနော် ရက်သတ္တပတ် အနည်းငယ် ဂျော်ဒန်နဲ့ စကားပြောဖြစ်ခဲ့ပါတယ်။ မက်ဆေ့ချ်နဲ့ပါ။ ယာဂန်ကလော့ အတွက် တစ်စုံတစ်ခုကို အတူတူ လုပ်မယ်ဆိုတဲ့ အကြောင်းနဲ့ ပက်သက်ပြီး စကားပြောဖြစ်ခဲ့တာပါ။ ကျနော် ပြောနိုင်တာကတော့ သူဟာ နဂို ဟန်ဒါဆန်နဲ့ မတူသလိုပါပဲ။ လူတွေဟာ ကလော့ Tribute video ကို ကြည့်ပြီး သူ မပါခဲ့တဲ့ အပေါ် ပုံကြီးချဲ့ ပြောနေကြပါတယ်။ ‘ဘာကြောင့် ဟန်ဒါဆန်က ဒီဗီဒီယိုမှာ မပါခဲ့တာလဲ?’ ပေါ့။

ကျနော့်ရဲ့ ခံစားချက် အရကတော့ သူဟာ မီဒီယာတွေနဲ့ ဒီအချိန်မှာ စကားပြောချင်တဲ့ပုံ မရှိဘူးဆိုတာပါပဲ။ သူ့အသင်းရဲ့ ရလဒ်နဲ့ သူ့ရဲ့ performance က ဘယ်လို ဖြစ်နေခဲ့သလဲဆိုတာ ကျနော် မသိပါဘူး။ ဒါဟာ အိုင်ယက် အတွက် ကောင်းမွန်တဲ့ ရာသီ မဟုတ်ခဲ့ဘူးဆိုတာကိုတော့ ကျနော် သိပါတယ်။ ဒ့ါကြောင့်လည်း သူတို့ဟာ ဇန်နဝါရီလမှာ သူ့ကို ခေါ်ယူခဲ့တာပါ။

အင်တာဗျူး တစ်ခုမှာလည်း ဒတ်လူမျိုး repoter တစ်ဦးက ‘မင်းရဲ့ performance က အတော်လေး ဆိုးတယ်’ ဆိုတဲ့ ပုံစံမျိုး ပြောခဲ့တာ ရှိတယ်လို့ ကျနော် ထင်ပါတယ်။”

ဆက်လက်ပြီး ကာရေဂါက “သူ့ရဲ့ ခံစားချက်ကို ကျနော် နားလည်တာကြောင့် တစ်စုံတစ်ရာ တွန်းအား မပေးခဲ့ပါဘူး။ သူဟာ ပြီးခဲ့တဲ့ ၁၂ လအတွင်း ဆော်ဒီ ပြောင်းခဲ့တဲ့ ကိစ္စ ၊ အခု အိုင်ယက်မှာ ရုန်းကန်နေရတဲ့ ကိစ္စတွေနဲ့ ပက်သက်ပြီး ထိုးနှက်မှု အများကြီး ခံနေရပါတယ်။ ကျနော် သူ့အတွက် အနည်းငယ် ဝမ်းနည်းမိပါတယ်။ သူ ဒါနဲ့ ထိုက်တန်တယ်လို့ ကျနော် မထင်ပါဘူး။ သူဟာ အရမ်းကို ကောင်းတဲ့ ဘောလုံးသမား အရမ်းကို ကောင်းတဲ့ လူသား တစ်ဦး ဖြစ်ပါတယ်။”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments