Thursday, January 22, 2026
spot_img
spot_img

ယမားလ်သည် ၂၀၂၄ တွင် ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်ခဲ့သော်လည်း ငယ်ရွယ်ခြင်း၏သားကောင်ဖြစ်ခဲ့ရဟု ၎င်း၏အေးဂျင့် ဂျော့ချ်မန်ဒက်စ် ပြောကြား

ဘာစီလိုနာလူငယ်တိုက်စစ်ကစားသမား ယမားလ်၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က ယမားလ်သည် ၂၀၂၄ ခုနှစ်တွင် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဖြစ်ခဲ့သော်လည်း အသက်အရွယ်ငယ်ရွယ်ခြင်း၏သားကောင် ဖြစ်ခဲ့ရကြောင်း ပြောကြားခဲ့သည်။

အသက် (၁၇)နှစ်အရွယ် စပိန်လူငယ်ကြယ်ပွင့်ကစားသမား ယမားလ်သည် ဘာစီလိုနာ၏နာမည်ကျော်အကယ်ဒမီ လာမာစီယာထွက်ကစားသမားဖြစ်ပြီး ယခုနှစ်ပိုင်းတွင် နာမည်ကျော်ကြားလာသူဖြစ်သည်။

ယမားလ်သည် ယူရို ၂၀၂၄ ချန်ပီယံ စပိန်အသင်းတွင် အဓိက ကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပြီး ပြိုင်ပွဲ၏အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့သည်။

ယမားလ်သည် ယခုရာသီတွင် ဘာစီလိုနာအသင်းအတွက် အဓိကခြေစွမ်းပြနေပြီး ပြိုင်ပွဲစုံ (၂၁) ပွဲတွင် (၆) ဂိုးသွင်းကာ ဂိုးဖန်တီးမှု (၁၂) ကြိမ်အထိ ပြုလုပ်ထားသည်။

ထို့ကြောင့် ယမားလ်အနေဖြင့် လူငယ်ကစားသမားများအတွက် ချီးမြှင့်သည့် Kopa Trophy နှင့် Golden Boy ဆုများကို ရရှိခဲ့သည်။

Yamal was the best player in the world in 2024 and victim of his youth

သို့သော် ယမားလ်အနေဖြင့် ဘောလုံးလောက၏ ဂုဏ်သိက္ခာအကြီးမားဆုံးဆုများသည့် Ballon d’Or နှင့် The Best FIFA ဆုများကိုမူ ရယူနိုင်ခြင်းမရှိပေ။

ယခုအခါ ယမားလ်၏အေးဂျင့်ဖြစ်သူ ဂျော့ချ်မန်ဒက်စ်က ယမားလ်အနေဖြင့် အဆိုပါဆုများကို မရခဲ့ခြင်းမှာ အသက်အရွယ်ငယ်ရွယ်လွန်းနေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျော့ချ်မန်ဒက်စ်က ”၂၀၂၄ မှာ ယမားလ်က ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ ယမားလ်ဟာ အသက်အရွယ် ငယ်ရွယ်လွန်းခြင်းရဲ့ သားကောင်ဖြစ်ခဲ့ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက ယမားလ်က အသက်ငယ်သေးတာကြောင့် ဒီဆုတွေကိုရဖို့ အချိန်အများကြီး ရှိသေးတယ်ဆိုပြီး သူ့ကို မဲမပေးခဲ့ကြပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဂျော့ချ်မန်ဒက်စ်က ယမားလ်အနေဖြင့် ဘာစီလိုနာအသင်းတွင် ကာလရှည်ကစားမည်ဟု ပြောကြားခဲ့သည်။

ဘာစီလိုနာနှင့် ချုပ်ဆိုထားသည့် ယမားလ်၏ လက်ရှိစာချုပ်မှာ ၂၀၂၆ တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း ယခုအခါ ဂျော့ချ်မန်ဒက်စ်က ယမားလ်အနေဖြင့် စာချုပ်သက်တမ်းတိုးမည်ဟု အတည်ပြုခဲ့ခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments