Wednesday, January 14, 2026
spot_img
spot_img

ယနေ့ည ချဲလ်ဆီး – လက်စတာ အက်ဖ်အေဖလား ကွာတားဖိုင်နယ် အပေါ် ခန့်မှန်းသွားတဲ့ ပေါလ်မာဆင်နဲ့ ခရစ်ဆပ်တန်

ချဲလ်ဆီး အသင်းဟာ ယနေ့ည အက်ဖ်အေဖလား ကွာတားဖိုင်နယ် အဆင့်မှာ ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်က လက်စတာ အသင်းကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ လက်ခံကစားဖို့ ရှိပြီး ၊ ဒီပွဲအပေါ် အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင်နဲ့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ခရစ်ဆပ်တန်တို့က အခုလိုပဲ ခန့်မှန်းခဲ့ကြပါတယ် ။

ပေါလ်မာဆင် ( ချဲလ်ဆီး ၃ – ၁ လက်စတာ )

” လက်စတာဟာ လောလောဆယ်မှာ တခြား ငါးတကောင် မျှားဖို့ ရှိနေတာကြောင့် ဒီပွဲမှာ ချဲလ်ဆီးကိုပဲ ကျွန်တော် ရွေးချယ်ရမှာပါ ။ အခုလက်ရှိမှာ လက်စတာ အနေနဲ့ ဒီလိုပွဲမျိုး လိုအပ်မယ်လို့ ကျွန်တော် မထင်ပါဘူး ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ပရီးမီးယားလိဂ်ကို ပြန်ပြီး တန်းတက်နိုင်အောင် အာရုံစိုက်နေရလို့ပါ ။

မော်ရစ်စီယို ပိုချက်တီနိုရဲ့ ချဲလ်ဆီးကတော့ ၁၀မိနစ်လောက် ကောင်းကောင်းကစားနိုင်ရင် ၊ မိနစ် ၂၀လောက် ခြေစွမ်း ဆိုးဆိုးရွားရွား ဖြစ်သွားတတ်ပါတယ် ။ ဒါက သူတို့ရဲ့ ပြဿနာပါပဲ ။ သူတို့ အနေနဲ့ ဒါကို ရှေ့တိုးဖြေရှင်းမှု လုပ်ဖို့ လိုပါတယ် ။

အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ဆီ တက်လှမ်းခဲ့မယ်ဆိုရင် ဒါက ချဲလ်ဆီး ပရိသတ်တွေကို ပျော်ရွှင်စေမှာမို့ ကြီးမားတဲ့ ခွန်အားတိုးဆေး တခု ဖြစ်လာမှာပါ ။ သူတို့ ရှုံးခဲ့မယ်ဆိုရင် သူတို့ရဲ့ ဘောလုံးရာသီက ပြီးဆုံးသွားပြီလို့ အပေါ်ယံ သတ်မှတ်ရပါမယ် ။

ဒါက မန်နေဂျာ အတွက် ကောင်းတဲ့ လက္ခဏာ တခုတော့ မဟုတ်ပါဘူး ။ အထူးသဖြင့် ချန်ပီယံရှစ် အသင်း တသင်းကို ရှုံးပြီး ထွက်သွားရမယ့် အနေအထားမျိုးမှာပေါ့ ။ ”

ခရစ်ဆပ်တန် ( ချဲလ်ဆီး ၃ – ၀ လက်စတာ )

” ကာရာဘောင်ဖိုင်နယ်ရဲ့ အချိန်ပိုမှာ လီဗာပူး ချာတိတ် တအုပ်ကို ရှုံးနိမ့်ခဲ့ပုံမျိုးက အခုအချိန်အထိ ချဲလ်ဆီး အပေါ် ကြီးမားတဲ့ စ်ိတ်ပျက်မှု တရပ် ဖြစ်နေဦးမယ်လို့ ကျွန်တော် သံသယ ဝင်မိပါတယ် ။ ဒီတော့ သူတို့ အတွက် အဓိက ပစ်မှတ်က ဝင်ဘလေညက အမှားကို ဒီအက်ဖ်အေဖလားပွဲမျိုးမှာ ပြန်ပြီး ချေဖျက်ပြဖို့ ဖြစ်ပါတယ် ။

အက်ဖ်အေဖလားဟာ ချဲလ်ဆီး အတွက် အရမ်း အရေးကြီးတယ် ဆိုတာ ဒီအကြောင်းအရင်း တချက်တည်းကြောင့်တော့ မဟုတ်ပါဘူး ။ သူတို့ရဲ့ ပရီးမီးယားလိဂ် စွမ်းဆောင်ရည်က တက်လာတယ် ဆိုပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့် တနေရာတော့ ရမှာ မဟုတ်ပါဘူး ။ ဒါက သူတို့ရဲ့ ရာသီအစက ပစ်မှတ် ဖြစ်ခဲ့တာပါ ။

လောလောဆယ် ချဲလ်ဆီး ပရိသတ်တွေဆီကနေ အသင်းပိုင်ရှင်တွေနဲ့ မန်နေဂျာ ဖြစ်တဲ့ မော်ရစ်စီယို ပိုချက်တီနို အပေါ် အဆိုးမြင်မှု များစွာ မြင်နေရပါတယ် ။ အခုကနေ စပြီး ရာသီကုန်တဲ့အထိ ဒီလိဂ် အတွင်း သူတို့ ဘာလုပ်လုပ် ဒီသဘောထားက ပြောင်းသွားမယ်လို့ ကျွန်တော် မထင်ပါဘူး ။

ဒါပေမယ့် သူတို့ဟာ အက်ဖ်အေဖလားနဲ့ ဒီရာသီကို မြင့်မြင့်မားမား ပိတ်သိမ်းဖို့ အခွင့်အရေး ရှိပါတယ် ။ ဒီဖလားနဲ့ ပတ်သက်ပြီး သူတို့မှာ အောင်မြင်မှု မှတ်တမ်းကောင်းလည်း ရှိပါတယ် ။ သူတို့ဟာ ၂၀၂၀ ကနေ ၂၀၂၂ အထိ ဗိုလ်လုပွဲ တက်ထားခဲ့တာပါ ။ ဒီဖိုင်နယ်တွေထဲ လက်စတာကို ရှုံးခဲ့တဲ့ ၂၀၂၁ ဖိုင်နယ်လည်း ပါပါတယ် ။

ချဲလ်ဆီးဟာ ဒီပွဲမှာ အိမ်ကွင်း အားသာချက် ရှိတာကြောင့် လက်စတာ မန်နေဂျာ အန်ဇို မာရက်စ်ကာ အနေနဲ့ ဘယ်လို ချဉ်းကပ်ကစားမလဲ ဆိုတာ ကျွန်တော် စိတ်ဝင်စားမိပါတယ် ။ သူတို့ဟာ ချန်ပီယံရှစ် ဇယားထိပ်က အသင်း ဆိုပေမယ့် ၊ နောက်ပိုင်းမှာ နည်းနည်းလေး ယိုင်နဲ့လာခဲ့ပြီး ၊ နောက်ဆုံး လိဂ်၅ပွဲမှာ တပွဲပဲ နိုင်ထားခဲ့တာပါ ။

မာရက်စ်ကာရဲ့ အာရုံက ပရီးမီးယားလိဂ်ဆီ တိုက်ရိုက် တန်းတက်ဖို့ ဆိုတာ သေချာသလောက်ပါပဲ ။ ဒါကို လာမယ့် မတ် ၂၉ရက်နေ့ကနေ မေ ၄ရက်နေ့ အတွင်း ကစားမယ့်ပွဲတွေက အဆုံးအဖြတ် ပေးပါလိမ့်မယ် ။

သူတို့လည်း International Break ရမှာ ဖြစ်ပေမယ့် ၊ သူဟာ လက်စတာရဲ့ ရေရှည်ကို ရှေးရှုပြီး ကြည့်ပါလ်ိမ့်မယ် ။ ဒါက သူ့ရဲ့ စတမ်းဖို့ဒ်ဘရစ်ခ်ျက ပွဲထွက်စာရင်း အပေါ် လွှမ်းမိုးမှု ရှိလာမှာပါ ။ ချဲလ်ဆီးဟာ ရှေ့ရှုံးထွက်အဆင့်တုန်းက နောက်ထပ် ချန်ပီယံရှစ်မှာ အမြင့်ပျံသန်းနေတဲ့ လိဒ်စ်ကိုတောင် အကြိတ်အနယ် ကန်ခဲ့ရပါသေးတယ် ။ ဒါပေမယ့် သူတို့ ဒီတခါတော့ သက်တောင့်သက်သာပဲ နိုင်လိမ့်မယ်လို့ ကျွန်တော် မြင်နေပါတယ် ။ ”

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments