Tuesday, January 13, 2026
spot_img
spot_img

ယခုရာသီ ပရီးမီးယားလိဂ်၏ အကောင်းဆုံးခေါ်ယူမှုအဖြစ် ဒက်ကလန်ရိုက်စ် သတ်မှတ်ခံရပြီး အကောင်းဆုံး(၁၀)ဦးစာရင်းတွင် ဟာဗက်ဇ်လည်း ပါဝင်

ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမား ခေါ်ယူမှုအဖြစ် အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။

ဒက်ကလန်ရိုက်စ်သည် ပြီးခဲ့သည့်နွေရာသီတွင် ဝက်စ်ဟမ်းအသင်းမှ အာဆင်နယ်အသင်းသို့ ပေါင်(၁၀၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး လက်ရှိအချိန်၌ အသင်း၏ အဓိက ကစားသမားအဖြစ် ခြေစွမ်းပြနေသူဖြစ်သည်။

Whoscored ၏ အကဲဖြတ်မှုအရ ဒက်ကလန်ရိုက်စ်သည် Rating (၇.၃၅) ရရှိပြီး ယခုရာသီ ပရီးမီးယားလိဂ်၏ ကစားသမားသစ်များထဲတွင် Rating အမြင့်ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် ဒက်ကလန်ရိုက်စ်သည် ပရီးမီးယားလိဂ်ကစားသမားအားလုံးထဲတွင်လည်း အ ဆင့်(၇)နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။

ကစားသမားသစ်များထဲ၌ ဒက်ကလန်ရိုက်စ်၏နောက် ဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သူမှာ ချယ်လ်ဆီးလူငယ်ကစားသမား ကိုးလ်ပါလ်မာဖြစ်ပြီး Rating (၇.၃၄)ရရှိခဲ့သည်။ ပါလ်မာသည် မန်စီးတီးမှ ချယ်လ်ဆီးအသင်းသို့ ပေါင်သန်း (၄၀)ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ယခုရာသီ၌ ချယ်လ်ဆီးအသင်း ရုန်းကန်နေရသော်လည်း ပါလ်မာမှာမူ ပရီးမီးယားလိဂ်တွင် (၁၆)ဂိုးသွင်းယူကာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့သည်။

တတိယနေရာတွင် လက်စတာအသင်းမှ စပါးအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မတ်ဒီဆန်က Rating (၇.၃၁)ဖြင့် ရပ်တည်ခဲ့ပြီး စတုတ္ထနေရာတွင် ရန်းစ်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဘယ်လ်ဂျီယံတိုက်စစ်ကစားသမား ဒိုကူက ရပ်တည်ခဲ့သည်။

ပဥ္စမနေရာတွင် အေဂျက်စ်အသင်းမှ ဝက်စ်ဟမ်းအသင်းသို့ ပြောင်းရွှေ့ခဲ့သည့် ဂါနာတိုက်စစ်ကစားသမား ကူဒူစ်က ရပ်တည်ခဲ့သည်။ ယခုရာသီ ပရီးမီးယားလိဂ်၏ အကောင်းဆုံးခေါ်ယူမှု (၁၀)ဦးစာရင်းတွင် အာဆင်နယ်၊ လီဗာပူးလ်နှင့် ဝက်စ်ဟမ်းအသင်းတို့က ကစားသမား(၂)ဦးစီ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းသို့ ချယ်လ်ဆီးအသင်းမှ ပြောင်းရွှေ့လာခဲ့သည့် ဂျာမန်တိုက်စစ်ကစားသမား ဟာဗက်ဇ်မှာလည်း အဆင့်(၉)နေရာတွင် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးလ်ကစားသမားနှစ်ဦးမှာ အယ်လစ္စတာနှင့် ဆိုဘိုဆလိုင်းတို့ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments